P-12♡

491 43 23
                                    

ချစ်ရသူရဲ့ အမည်နာမလေး ကြားရုံနဲ့
ကျွန်တော့်အပြုံးတွေဟာ
အတိုင်းအဆမရှိ ပွင့်လန်းလျက်......။

ဘာလိုလိုနဲ့ Gemini Fourth နားမှာရှိနေတာ
သုံးရက်တောင်ရှိနေလေပြီ။

ဒီနေ့ October 18 ရက်နေ့၊
Fourth ရဲ့ 19 နှစ်ပြည့်မွေးနေ့လေး။

Gemini က Fourth ကို ဝယ်နေကြ Hydrangea ပန်းလေးနဲ့ နေကြာပန်းလေးကို Lili ရဲ့ပန်းဆိုင်မှာသွားဝယ်ထားသည်။

Eiffel Tower ကြီးကိုလှပစွာ မြင်ရသော
စားသောက်ဆိုင်တစ်ခုကို Gemini တို့သွားလိုက်သည်။

"Happy Birthday နော်, အချစ်"

Fourth တစ်ယောက် Gemini သူ့ကို အချစ် လို့ခေါ်တာကို
အသားမကျသေးပါ။

အချစ်လို့ခေါ်တိုင်း ရင်တွေခုန်လာပြီး နှလုံးသားလေးအရည်ပျော်သွားသလိုလို။

Paris ရဲ့ညက နှင်းဖွဲဖွဲလေးကြနေလျက်ပင်....။

"ဒီမှာ ကိုယ့်အချစ်အတွက် လက်ဆောင်ဗျာ..."

"ဗျာ...."

Gemini ကပန်းစည်းလေးရယ်
လက်စွပ်လေးတစ်ကွင်းရယ် ပေးလေသည်။

Gemini Norawit ကပေးမှတော့ အတုဖြစ်နိုင်မလားနော်။

Crystal မိုးပြာရောင်လေးနဲ့ လက်စွပ်လေးတစ်ကွင်း။

အရောင်ဖျော့ဖျော့လေးတွေနဲ့ဆို Fourth ကအရမ်းလှသည်။

ဒါကြောင့်လည်း Gemini က မိုးပြာရောင်လေးကိုသက်သက်ရွေးထားသည်မဟုတ်လား။

မျက်ဝန်းလေးတွေက
လဲ့သွားကာ Fourth ပျော်နေသည်ကိုလူတိုင်းသတိထားမိကြမှာပင်။

"ကြိုက်လား Fourth"

"အွန်း, အရမ်းကြိုက်တယ် ကျေးဇူးပါ"

"ဟင်, ဒါပဲလားကျေးဇူးတင်တာက"

Gemini ကမျက်နာရှုံးကာ ပြောလိုက်တော့
Fourth ကပြုံးကာခေါင်းခါလိုက်သည်။

"ဟော...,စိတ်မဆိုးပါနဲ့ခများရယ်
ကျွန်တော်ကဘာပြန်လုပ်ပေးရမှာမို့လို့လည်း"

" 'ကိုကို' လို့ခေါ်"

<< I am Super Shy:) >>

Fourth ကထိုင်နေရာမှ
Gemini ပုခုံးကိုတစ်ချက်ရိုက်လိုက်ကာ Gemini ကရယ်လေသည်။

You've reached the end of published parts.

⏰ Last updated: Aug 24, 2023 ⏰

Add this story to your Library to get notified about new parts!

Mᥡ L᥆᥎ᥱᥣᥡ Nᥱіgһᑲ᥆rWhere stories live. Discover now