P-1♡

396 33 13
                                    

Pataya ရဲ့နေ့လယ်ခင်းက အရမ်းလည်းမအေးသလို အရမ်းလည်းမပူပြင်းလှပါ။

ဟိုအမြင့်တစ်နေရာမှာတည်ရှိနေတဲ့ PATAYA ဆိုတဲ့စာလုံးကြီးနဲ့အတူ နေ့လယ်ခင်းကခါတိုင်းလို ခြောက်ကပ်ကပ်ဖြင့်သာ......။

တိတ်ဆိတ်လှသော ပတ်ဝန်းကျင်ကိုကျောင်းခေါင်းလောင်သံက ဖြိုခွင်းလိုက်သည်။

"Ai Gem, သွားမယ်လေ....."

Gemတဲ့, Gemini Norawit ဆိုတဲ့ကောင်လေးတစ်ဦးကို သူ့ရဲ့ တစ်ဦးတည်သော သူငယ်ချင်း Satang က​ပြောလိုက်သည်။

"အင်း...."

တိုတောင်းလှသောအဖြေပေါ့၊ Satang အတွက်ဒါမျိုးတွေကရိုးနေပါပြီ။

သူတို့နှစ်ဦး ကန်တင်းဘက်ရောက်တော့ ဆူညံနေသောကျောင်းသားများက တိတ်ဆိတ်သွားလေသည်။

ဟုတ်တာပေါ့ , သူတို့ရဲ့နှစ်ယောက်မရှိတဲ့ Gemini Norawit တဲ့လေ။

ဘာလို့များ အဲ့လောက်တိတ်ဆိတ်သွားကြတာပါလိမ့်....။

Gemini တဲ့, သူဌေးသား၊ လူကခပ်ချေချေနှင့် သူဘာမှမလုပ်တာတောင် အားလုံးကကြောက်နေကြတာဖြစ်သည်။

အတန်းခေါင်းဆောင် Captain ကတောင်ကြောက်ရသည်။

သူအရမ်းဆိုးတာဆိုလို့ ဟိုတစ်ခေါက် သူခေါင်းကိုက်နေတာကို အတန်းထဲက ကျောင်းသားတွေဆူနေလို့ဆိုပြီး ဘေးကတွေ့ဂာတစ်ယောက်ကို ဆွဲထိုးလိုက်သောအခါပဲရှိသည်။

သူတိတ်ဆိုတိတ်, ထဆိုထနဲ့ Gemini ကအထက်တန်းနောက်ဆုံးနှစ်မှာတော့ နာမည်ကြီးသောသူ။

ရုပ်ရည်ကလည်း ချောမောလွန်းပြီးဖြောင့်စင်နေသော နှာတံ၊ ခန္ဓာကိုယ်ခပ်ကြီးကြီးခပ်တောင့်တောင့်၊ အရပ်ရှည်ရှည်တို့က Gemini ရဲ့အမှတ်သားများပင်။

ဆရာမစကားဆိုလည်း ဘယ်ဖက်နားကဝင်သွားရင် ညာဖက်နားကထွက်သွားရုံသာ....။

Gemini က ညဏ်ကောင်းပါတယ်၊ စာလုပ်ရမှာပျင်းတာ စိတ်မဝင်းစားတာပေါ့။

"Gemini, မင်းဘာမေဂျာယူဖို့ ဆုံးဖြတ်ထားလည်း"

Satang သူ့ရှေ့က နေ့လယ်စာကိုမစားပဲငုံ့ကာကြည့်နေသော Gemini ကိုမေးလိုက်သည်။

Mᥡ L᥆᥎ᥱᥣᥡ Nᥱіgһᑲ᥆rDonde viven las historias. Descúbrelo ahora