P-10♡

277 38 31
                                    

အချိန်အတိုင်းအတာ
တစ်ခုထိရောက်ပြီးသွားတဲ့အခါ
ငါကလည်း အဲဲတစ်စုံယောက်ကိုထပ်ချစ်နိုင်ပါစေ၊
အဲ့တစ်စုံတစ်ယောက်ကလည်း ငါ့ကိုထပ်ချစ်နိုင်ပါစေ။

/Background Music လေးကိုမပိတ်ရင်ပိုကောင်းမယ်/

အချိန်တွေများ ကုန်တာမြန်လာတာနော်.....။

Fourth Paris ကိုရောက်လာတာတစ်နှစ်တောင်ရှိနေပြီလေ။

Paris ရဲ့ October လဟာ နှင်းမကျသောလည်း အပူချိန်က 16° ဒီလောက်ပဲရှိပြီး
တစ်ခါတစ်ရံမိုးဖွဲဖွဲလေးတွေလည်းကျတက်သည်။

အာရှမှာပဲ ကြီးပြင်လာသော Fourth အတွက်တော့
အစပိုင်းဟာခက်ခဲလှလေသည်။

ဘောင်းဘီတိုဝတ်တက်တဲ့အကျင့်ကိုလည်းပြင်ရပြန်သည်။

T-shirt ပွပွတွေအစား  ခေါင်းစွပ်မပါသော Hoodie ပွပွရှည်ရှည်တွေကိုပိုဝတ်တက်လာပြီ။

အရင်က Fourth ဟာအိမ်မှာအငယ်ဆုံးလေးမို့ ဘာဟင်းမှမချက်တက်ပါ။

အခုလည်း အရမ်းကြီးမကျွမ်းသောလည်း အသီးအရွက်ကြော်၊ ကြက်ဉကြော်တို့လောက်တော့ ချက်ပြုတ်ပါသည်။

တစ်ခါတစ်လေ  P'Love က Vc ခေါ်တက်ပြီး လွမ်းကြောင်း၊ နေကောင်းကြောင်းတွေပြောဖြစ်သည်။

စာတွေရော၊ အိမ်ကိစ္စတွေရောနှင့်တစ်ခြားကိစ္စတွေတောင်ခေါင်းထဲမရောက်လှပါ။

အရင်တုန်းက မရင့်ကျက်ခဲ့သောကလေးလေးကFourth မရှိတော့ပါ။

ရင့်ကျက်တည်ငြိမ်လွန်းသော အာရှကလာသည့် Fourth ဆိုပြီးပဲကျောင်းမှာရှိတော့သည်။

The American University of Paris မှာတက်တာကြောင့် ပြင်သစ်စကားတက်စရာမလိုပါ။

English လိုပဲအများကပြောကြပေမဲ့ မြို့ထဲကနေရာတစ်ချို့နဲ့ Fourth ကတော့အဆင်မပြေလှ။

အချိန်တွေဘယ်လောက်ကြာကြာ
Fourth ရဲ့အပြုံးချိုချိုလေးတွေကတော့ ပျောက်ကွယ်မသွားပါ။

ချစ်ရသောသူနဲ့အတူရှိချိန်လောက်တော့ မများပေမဲ့ တစ်ချက်ချက်ပေါ်ပေါ်တက်လာသော အပြုံးတစ်ချို့။

Mᥡ L᥆᥎ᥱᥣᥡ Nᥱіgһᑲ᥆rWhere stories live. Discover now