P-4♡

283 41 25
                                    

နွေးထွေးမှု.......

Gemini ဒီနေ့အိပ်ယာထနောက်ကျလေသည်၊ မနက်ထထချင်းနာရီကြည့်လိုက်တော့ 8:00 နာရီတောင်ထိုးနေပြီ။

ကျောင်းက 9:00 တက်မှာ၊ သေပါပြီ။

Gemini အလောတကြီးအိပ်ယာကနေထလိုက်ကာ ရေတောင်မချိုးအားပဲ မျက်နှာသစ်၊ ကျောင်းယူနီဖောင်းဝတ်ကာအောက်ထပ်ပိုပြေးဆင်းလိုက်သည်။

"Phi Mark ကော ဒေါ်ဒေါ်"

"သူအလုပ်ဆိုလားပဲ ထွက်သွားတယ်"

Mark တစ်ယောက်အိမ်ကပ်သည်ကိုမရှိတာ Gemini သိပါသည်။

သူသူ့ရဲ့ကား အဖြူရောင်လေးပဲတက်လိုက်ကာအိမ်မှစထွက်လာလိုက်သည်။

Gemini ရှေ့ကိုအာရုံစိုက်နေတုန်းမှာပဲ ရင်းနှီးသောနောက်ကျောပြင်တစ်ခု။

"Fourth လား"

"ဟင်...အကို"

"တက်ခဲ့လေ"

*Ahh!! သေပါပြီ Gemini, ဘာလို့အရှုပ်ထုပ်ကိုကားပေါ်တင်မိတာလည်း*

Fourth ကလွယ်အိတ်ကြိုးလေးကိုကိုင်ကာ ကြောင်မိနေတုန်း....။

မသိတဲ့သူနဲ့ ကျောင်းတူတူသွားရမှာလား....။

"တကယ်လား"

"အင်း...."

Fourth တစ်ယောက် Gemini ဘေးခုံမှာဝင်ထိုင်လိုက်ကာရှေ့ကိုပဲကြည့်နေတော့သည်။

"ဘာလုပ်တာလည်း.....!"

"......."

Fourth အကြောက်အကန်ပြောမိသည်၊ သူ့အော်သံဆူဆူကြောင့် Gemini ကမျက်နှာရှုံ့လိုက်သောလည်း ဘာမှမတုန့်ပြန်။

Fourth ရှက်လိုက်တာနော်၊
ရုတ်တရက်ကြီး Gemini ကသူ့အပေါ်အုပ်မိုးလာပြီး သူ့နားရွက်နားမှာ Gemini ရဲ့အသက်ရှူသံခပ်ဖြေးဖြေး။

Gemini Fourth ကိုခါးပတ်ပတ်ပေးကာ ပခုံးတွန့်ပြလိုက်သည်။

သူသာမလုပ်ပေးရင် လုပ်ဖို့တောင်မေ့နေသော Fourth ကိုအားမရလို့ ပတ်ပေးလိုက်ခြင်းသားဖြစ်သည်။

Fourth အခုမှသက်ပြင်းချလိုက်ရခါ တစ်ဖက်မှာလည်းရှက်စိတ်တွေအပြည့်။

"P'Ford ကလိုက်မပို့ဘူးလား"

Gemini ရဲ့အသံခပ်သြသြဟာ အေးစက်နေသောကားထဲကလေထုတွင် ပြန့်နှံ့သွားလေသည်။

Mᥡ L᥆᥎ᥱᥣᥡ Nᥱіgһᑲ᥆rWhere stories live. Discover now