P-9♡

223 36 29
                                    

လွင့်စဉ်သွားလိုက်ပုံများ.....
စိတ်အစွန်အဖျားလေးတောင်
လှမ်းဖမ်းဖို့ အခြေအနေမရှိတော့သည့်အထိ

                               -Tiamo

နေ့တွေ၊ ရာသီတွေတောင်ပြောင်းလည်းလာပြီ။

Fourth တစ်ယောက်
အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားကြီးတောင်ဖြစ်နေလေပြီ။

Gemini နင်းခဲ့ခြေလှမ်းများ၊ ထိတွေ့ခဲ့ဖူးသောအရာများကို Fourth လုပ်နေရပြီ။

တိုက်ဆိုင်မှုတွေရှိလာတော့လည်း လွမ်းမိတာပေါ့.....။

┈┈┈┈┈┈┈┈┈┈┈┈┈┈┈┈┈┈┈┈┈┈┈┈┈┈┈┈

ခများကို ကျွန်တော်မုန်းဖို့တွေးမိပါသေးတယ်၊

ဒါပေမဲ့ ကျွန်တော်မမုန်းရက်ခဲ့ဘူးဗျာ.....။

ခများက အေးအေးဆေးဆေးထွက်သွားပြီး
ကျွန်တော်က အသေအကျပြေးလိုက်နေရတယ်ဆိုတဲ့
အိမ်မတ်မျိုးလည်း ခဏ ခဏကျွန်တော်ဆက်မမတ်ချင်တော့ဘူး။

တကယ်က မခေါ်ချင်တဲ့လူတစ်ယောက်နောက်
ပြေးလိုက်နေဖို့ဆိုတာကလည်း ဖြစ်မှမဖြစ်နိုင်တာ....၊
ကျွန်တော့အိမ်မတ်တွေ
ပျော်စရာမကောင်းတော့တာကြာပြီ....။

ခများထွက်သွားပြီးမှ ကျွန်တော်လည်းကို့ကိုယ်ကိုနားလည်လာတာပါ။

ကျွန်တော်ခများကိုချစ်တယ်ဆိုတာ၊ ဒါပေမဲ့ဒီအရာတွေဟာအခုသိတော့ရောဘာလုပ်နိုင်မှာမလို့လည်းဗျာ...။

ကျွန်တော်မှတ်မိပါသေးတယ်၊ အဲ့သည့်ညကို

အမှောင်တွေကြီးစိုးနေတဲ့ညလယ်မှာ ကျွန်တော့ကိုကြည့်နေတဲ့ခများ။

ဘယ်သူထင်မှာလည်း၊ အဲ့ကတည်းကကျွန်တော်ခများကိုမတွေ့ရတော့တာအခုထိပဲလေ...။

ပြီးတော့ ခများထွက်သွားတုန်းက ခများရန်ဖြစ်လို့ရထားတဲ့နှုတ်ခမ်းနားက ဒဏ်ရာတွေတောင်မပျောက်သေးတာကို။

အဲ့သည့်ညသာနောက်ဆုံးဖြစ်ခဲ့တာကိုကြိုသိခဲ့ရင် ခများရင်ခွင်ထဲဝင်ငိုမိမှာအသေချာပဲ။

ခများရာ
ဒါတွေကိုခများမသိခဲ့တာလည်း...။
အခုတော့ ကျန်ခဲ့တဲ့သူကအရူးတစ်ပိုင်း။

Mᥡ L᥆᥎ᥱᥣᥡ Nᥱіgһᑲ᥆rNơi câu chuyện tồn tại. Hãy khám phá bây giờ