P-7♡

254 38 25
                                    

အမှောင်ညံကြီးစိုးတဲ့ည.....။

မိုးဖွဲဖွဲလေးတွေနေရာမှာ နှင်းဖွဲဖွဲလေးဟာနေရာယူနေလေပြီ၊
Gemini နှလုံးသားမှာတော့ Fourth ဟာနေရာယူနေစဲ။
ကောင်းကင်ကြီးကို သူသဘောကျလှသည်၊
အဲ့သည့်အစား Fourth ကိုပိုသဘောကျလေသည်။
ထိုလက်တစ်စုံရဲ့ အထိအတွေ့တို့က
အမြဲ မပြောင်းလဲပါ။

ရာသီတွေတစ်ဖန်ဖန်၊ နေ့တွေတစ်ဖန်ဖန်၊
နှစ်တွေလည်းတစ်နှစ်ပြီးတစ်နှစ်။

Fourth ကိုသူ့ရဲ့ ဒီနှစ်မှာပဲရှာတွေ့လေခဲ့သည်။
ကံကောင်းခြင်းလေးလားများ....။

/note: Time Skip လေးအသိအသာကျော်လိုက်ပါ့မယ်/

နောက်ဆုံးစားမေးပွဲကြီး နီးလာလေပြီ။

Gemini တို့လိုနောက်ဆုံးနှစ်ကျောင်းသားများကတော့ ဒါပြီးရင်တက္ကသိုလ်တက်ရကြမည်။

Fourth တို့ကတော့ နောက်ဆုံးနှစ်ကိုတက်ရမည်။

Gemini ဟာ Fourth စကားကြောင့်ဆရာမစကားလည်းနားထောင်လာကာ  အတန်းတွေလည်းမှန်လာလေသည်။

အမြဲမပြောင်းလည်မည့်အရာကို မည်သူမှသတိထားမိမှာမဟုတ်ပါ၊
ထိုသည်မှာ လက်ပတ်လေးနှစ်ကွင်း၊
နေကြာပန်းလေးနှင့် နေမင်းကြီး။
နေမင်းကြီးဟာ နေကြာပန်းအတွက်
နှစ်ယောက်မရှိတဲ့ဖြစ်တည်မှုဟုတ်သလို
နေကြာပန်းဟာ နေမင်းကြီးအတွက်လည်း
နှစ်ယောက်မရှိတဲ့ဖြစ်တည်မှုပါ။

Fourth ဟာအလွန်တော်သော ကောင်လေး,

ရိုးအေးလှသည်၊ ကလေးဆန်လှသည်၊ ချစ်ဖို့ကောင်းသည်။

ပါးဖြူဖြူလေးနဲ့ မျက်နှာတစ်စုံဟာ Gemini အတွက်ရာသီဉတုလိုပါပဲ။

ထိုမျက်ဝန်းတို့ မျက်ရည်ကြည်များဝိုင်းနေပြီဆို
မိုးရာသီ၊
ထိုမျက်ဝန်းတို့ရဲ့အပေါ်က မျက်ခုံးလိုင်းလေးကသိသိသာသာတွန့်တက်သွားပြီဆို
နွေရာသီ၊
ဟော...အဲ့သည့်မျက်ဝန်းတို့ရဲ့အောက်ကပါးမို့မို့လေးရဲတက်လာပြီဆို
ဆောင်းရာသီပေါ့။

ရင်ထဲကိုလှိက်နေအောင်ထိ Fourth ကို Gemini အသေအချာချစ်မိနေပြီ။

ပိုင်ဆိုင်ဖို့လည်းမကြိုးစားတော့သလို Fourth ပျော်နေရုံပဲသူကြည့်တော့သည်။

Mᥡ L᥆᥎ᥱᥣᥡ Nᥱіgһᑲ᥆rDonde viven las historias. Descúbrelo ahora