Bloody Love part- 23🖤

Start from the beginning
                                    

အခန်းပတ်ပတ်လည်ကိုလိုက်ကြည့်ပေမယ့် မမရဲ့ အရိပ်အရောင်တောင်မတွေ့ သို့ပေမယ့် ရေချိုးခန်းထဲက ရေသံအချို့ကြားနေရတာကြောင့် ရေချိုးနေသည်ဟုသာ ကောက်ချက်ချလိုက်သည်.......

"အားးးးရှက်လိုက်တာ"

ပြန်တွေးမိတိုင်းရှက်လွန်းလွန့် တွင်းထဲသာဝင်အောင်းလိုက်ချင်စိတ်က တဖွားဖွား.....

ထို့ကြောင့် စောင်ကြီးကိုသာ ခေါင်းမုချုံကာ နေနေ​လိုက်သည်......

*ကျီ*

ရေချိုးခန်း တံခါးကပွင့်လာသည့် အသံမို့ မမရေချိုးတာထွက်လာပြီဆိုတာ သိလိုက်သည်......

သို့ပေမယ့် မျက်နှာချင်းလဲမဆိုင်ရဲပါ.....

ရှက်တယ်ဆိုတာထက် ကြောက်လို့.....

..........
..................

ကလျာတစ်ယောက် ရေချိုးပြီး ထွက်​လာတော့ ကုတင်ပေါ် စောင်ခေါင်းမုချုံ၍ ငုတ်ကြီးထိုင်နေသော ကောင်လေးကြောင့် နည်းနည်း ရယ်ချင်သွားသည်........

ဘာစကားမှ မပြောဘဲ ကောင်လေးရှေ့က မှန်တင်ခုံမှာထိုင်ပြီး ဆံပင်တွေခြောက်အောင် အရင်လုပ်နေလိုက်သည်.......

Hair Dryerရဲ့ အသံဟာ အခန်းတစ်ခုလုံးကို ဖုံးလွှမ်းနေသည်......

ထိုအသံကြောင့် နောင်နောင် ခေါင်းပြူကြည့်တော့ မမက သူ့ရဲ့ ဆံပင်ရှည်တွေကို လေမှုတ်စက်နှင့် ခြောက်အောင်လုပ်နေသည်.......

ပြီးနောက် မျက်ရိုးကိုအသာဆွဲကာ အကျောဖြေလျော့နေသည့်ပုံပင်......

"အဲ့လိုဘဲ နေနေတော့မှာလား....."

သူ့ဘက်ကိုမလှည့်ဘဲ ပြောလာတာကြောင့် နည်းနည်းတော့ ကြောက်မိသည်.....

"နာနေသေးလား"

ထိုစကားကြောင့် နောင်နောင့်မျက်နာဟာ ရဲလာသလို အောက်ပိုင်းကလဲ ပြန်နာလာသလို......

"ရ ရပါတယ်...... "

အသံအထစ်ထစ်အငေါ့ငေါ့နဲ့ဘဲ ပြန်ဖြေလိုက်နိုင်သည်....

ထို့နောက် မမက ဗီဒိုရှေ့သွားကာ အထဲက အက်ျီတစ်ထည်ကိုယူပြီး ဝတ်နေသည်......

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now