ရုတ်တရက် အဏ္ဏသည် အကာအရံ​၏အားနည်းချက်နေရာကိုတွေ့သွား​၏။

သူသည် တွေ့တွေ့ချင်းပင် အားနည်းသည့်နေရာကို စွမ်းအားဖြင့်ရိုက်လိုက်ရာ မျက်တစ်လုံးရှင်​၏အကာအရံ ပပျောက်သွားသည်။

မျက်တစ်လုံးရှင် အခြေအနေမဟန်တော့မှန်း သိလိုက်​၏။ သို့ရာတွင် နောက်ကျသွားလေပြီ။

အဏ္ဏက အခွင့်အရေးကို တစ်ခဏလေးမှတောင် နောက်မကျစေဘဲ မျက်တစ်လုံးရှင်​၏လည်မျိုကို သန်မာသောလက်တစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေပြီ။

အဏ္ဏ​၏အားက အလွန်တရာသန်မာလွန်းသည်။ ရုန်း၍မရနိုင်ချေ။

အဏ္ဏ​၏ နီမြန်းနေသော မျက်လုံးများဟာ မျက်တစ်လုံးရှင်ကို စက်ဆုပ်စွာ၊ ဒေါသပြင်းစွာ စိုက်ကြည့်နေပြီး သူ​၏တင်းတင်းစေ့ထားသော နှုတ်ခမ်းဖျားမှ ဩရှစူးနသ့်သောစကားလုံးများ ထွက်ပေါ်လာသည်။

" ဒီကလေးမ သေတာထက် ပိုပြီးဆယ်ဆပိုဆိုးတဲ့ဝေဒနာနဲ့ မင်းသေရမယ်"

စကားဆုံးဆုံးချင်းတွင် အဏ္ဏသည် မျက်တစ်လုံးရှင်ကို ပြင်းထန်လွန်းသောအားဖြင့် ပစ်ပေါက်လိုက်ရာ မျက်တစ်လုံးရှင်​၏ခန္ဓာကိုယ်မှာ အရှိန်အဟုန်ပြင်းပြင်းနှင့် လွင့်ထွက်သွားပြီး ပင်လယ်ကမ်းစပ်နား ပေါ်ထွက်နေသော ကျောက်တုံးကြီးအပေါ် ဝုန်းခနဲပြုတ်ကျသွားသည်။

ပြုတ်ကျသောအားမှာ ပြင်းလှသဖြင့် ကျောက်ဆောင်ကြီးပင်အက်ကွဲကာ ကျောက်သားအချို့ ပဲ့ထွက်သွား​သည်။

မျက်တစ်လုံးရှင်ဟာ များစွာထိခိုက်ထားသဖြင့် မလှုပ်ရှားနိုင်တော့ချေ။

ထိုအချိန်တွင် အဏ္ဏဟာ မျက်တစ်လုံးရှင်ရှိရာဆီ တဟုန်ထိုးလာပြီး မျက်တစ်လုံးရှင်​၏မျက်နှာတည့်တည့်အား စွမ်းအင်အပြည့်ပါသော လက်သီးများဖြင့် အကြိမ်ပေါင်းများစွာထိုးနှက်သည်။

မျက်တစ်လုံးရှင်​၏မျက်နှာသည် မမှတ်မိနိုင်လောက်အောင်ကို ရုပ်ပျက်ဆင်းပျက်ဖြစ်လာ​၏။

သို့သော်လည်း အဏ္ဏ​၏ဒေါသများဟာ မပြေပျောက်နိုင်သေးရာ မျက်တစ်လုံးရှင်​၏ နံရိုးများကို တစ်ချောင်းချင်းစီချိုးပစ်လိုက်သည်။ သူဟာ မျက်တစ်လုံးရှင်​၏ဝမ်းဗိုက်ကို ဆွဲဖြဲပြီး အသားတစ်ခုလုံးအားဆွဲလှန်လိုက်​၏။

The Everlasting One (volume 2 + 3 )Where stories live. Discover now