'မောင်'
ဒီတိုင်းရပ်နေရင် မောင်နဲ့ဝေးရတော့မှာမို့ ပြေးလိုက်တယ်။ အရှိန်ပြင်းပြင်းနဲ့ပြေးလိုက်တယ်။ လိုက်လေဝေးလေဖြစ်လာတော့ ပိုလို့ဝမ်းနည်းစေလာတယ်။ ရိူက်သံတွေပြင်းစေတဲ့အထိ မျက်ရည်တွေကိုစီးဆင်းစေတဲ့အခါလည်း မောင်လှည့်မလာခဲ့ပါ။
'မောင်'
ကျယ်ကျယ်လောင်လောင်ပဲ ထပ်ခါထပ်ခါခေါ်ပေမယ့် မောင်ဟာမောင်ပါပဲ။
'မောင်'
ပင်ပန်းမူတွေကြောင့် တင်းတင်းဆုတ်ထားတဲ့ လက်သီးဆုတ်တွေဟာ ပြေလျော့ဖို့တောင်းခံတဲ့အခါ အသိသတိကပ်လို့ မောင့်နောက်ပြေးလိုက်ဆဲပဲ။
'မောင်'
ဒီခေါ်သံအဆုံးမှာ ရင်ဘတ်တစ်ခုလုံးတင်းကျပ်လာတယ်။ နှလုံးခုန်နူန်းတွေဟာ ဆက်တိုက်ဆိုသလို ခုန်ပေါက်နေတာ။လျှပ်စစ်ရထားလို မြန်နူန်းမြှင့်ကာ ပြေးလွှားနေတယ်။လက်သီးဆုတ်တွေပြေလျော့သွားတယ်။မြင်ကွင်းတစ်ခုလုံး ဝေဝါးကာမှောင်မိုက်သွားခဲ့ပြီ။
မောင် ရက်စက်လိုက်တာကွာ။
ဆေးရုံအဝင်ဝကနေ ဆရာဝန်တွေလက်ထဲထိ မည်သူမျှမထိရမကိုင်ရ သူကိုယ်တိုင်သယ်ပိုးခဲ့သူ။
ဝမ်းနည်းမူအရိပ်ယောင်တွေ နောင်တတရားတွေ အပြစ်တင်စိတ်တွေ စိုးရိမ်မူတွေဟာ မီးပြင်းပြင်းနဲ့လောင်မြိုက်နေတဲ့ သူ့ပုံစံဟာ ဘယ်သူမှပုံမဖော်နိုင်ခဲ့တဲ့ ဇာတ်ကောင်တစ်ခုပဲ။
မျက်ရည်တစ်စက်စီတိုင်းမှာ သူ့ရဲ့တောင်းပန်တိုးလျိုးသံဟာ ဆေးရုံဝန်းတစ်ခုလုံးကို တိတ်ဆိတ်စေတဲ့အထိ ကျယ်လောင်သယောင်။
သန်မာတဲ့လက်တွေတဆက်ဆက်တုန်ခိုက်ကာ ပြိုလဲတော့မလို။ သူ့ကြောင့်ဆိုသောအပြစ်တင်စိတ်တွေဟာ ညှိုးငယ်နေတဲ့မျက်နှာမှာထင်ဟပ်နေခဲ့တယ်။
Emergency roomရှေ့မှာ မတုန်မလှုပ်နဲ့ရပ်ခဲ့သည်မှာ 3နာရီ။ သူမနာကျင်သည်လား မဟုတ်ဘူး အခန်းထဲကကောင်လေးရဲ့ နာကျင်မူကိုသူမျှယူမရလို့ ပူပန်ကာသူမနာကျင်နိုင်ခဲ့တာ။
'hyung boss ရပ်နေတာကြာပြီ။ '
'အင်း 3နာရီလောက်ရှိတော့မယ်။'
