part 12

241 44 4
                                    

Uni

ခုတော့ဆောင်းဟိုခမျာဘုရင့်သက်တော်စောင့်ကနေအတွဲစောင့်အဖြစ်တာဝန်ထမ်းဆောင်နေရတော့သည်။

အတွဲချိန်းသူများရဲ့ခပ်လှမ်းလှမ်းတွင်
ဟိုကြည့်ဒီကြည့်ဖြင့်အလုပ်ရှုပ်နေလေတော့သည်။

"ဆော့ကီလေး..
ကိုယ့်ကိုမနမ်းချင်ဘူးလားဟင်"

"အကိုကင်နော်.
ဘာတွေပြောနေမှန်းမသိဘူး.သွား..."

"အ့!!!"

"ဘာဖြစ်လို့လဲ"

"ဖြေးဖြေးလုပ်ပါကွာ
တော်ကြာဆော့ကီကိုချစ်တဲ့ကိုယ့်ရဲ့အသည်းနုနုလေးပြုတ်ကျသွားမှဖြင့်"

ချစ်သူရည်းစားသဘာဝတီတီတာတာတွေပြောနေရင်းး
ရင်ဘတ်ကိုလက်သီးနှင့်ထိုးလာသူ

ယောက်ကျားလေးမို့သိပ်ပြီးမချွဲတတ်တဲ့ဆော့ကီလေးဟာမင်းကြီးကိုအရှိန်နှင့်ထိုးလိုက်တော့တော်တော်အီသွားလေသည်။

"မွ**
ရပြီလား"

ရင်ဘတ်ကိုနမ်းလိုက်သူကြောင့်ထယ်ယောင်းတယောက်စိတ်တွေယောက်ယက်ခက်ကုန်၏

ဘယ်လိုပင်အသက်ကြီးနေပါစေ
ခုမှစချစ်ဖူးတဲ့သူမို့.ဒီလိုလေးတွေကအစရင်ခုန်ရသည်။

"ဟာကွာ..ဒီနေ့တနေ့လုံးတော့ကိုယ်အားတွေအပြည့်ဖြစ်တော့မယ်ထင်တယ်။"

&မကောင်းဘူးလား."

"အရမ်းကောင်းတာပေါ့."

"ဆော့ကီလေးကအရမ်းချစ်ဖို့ကောင်းနေတော့ကိုယ်မပြန်ချင်တော့ဘူးကွာ."

"မပြန်လို့လည်းရတယ်လေ
အကိုပြောတော့ညကျမှကင်းစောင့်ရမှာဆို."

"ဟုတ်တယ်လေ..
ဟိုဆော့လေးကရောရေသွားခပ်မာ်ဆိုပြီးကိုယ်နဲ့လာတွေ့တာမလား."

"ဟင်!!!!
ဟုတ်သားဘဲ
ပြန်ရတော့မယ်
အချိန်ကြာနေရင်ကျတော့်အော်ခံထိတော့မှဘဲ
ရေလည်းမခပ်ရသေးဘူး"

ဖုန်တွေခါထုတ်ထကာဘေးမှာရှိတဲ့ရေပုံးနှစ်ပုံးကိုကြည့်ပြီးမျက်နှာကြီးမဲ့ကျလာသူ.

"ကိုယ်သွားခပ်ပေးမယ်
ဒီမှာဘဲခဏထိုင်စောင့်"

"ဟင့်~~~"

villainလေးအားသိမ်းပိုက်ခြင်းWhere stories live. Discover now