part 10

227 38 5
                                    

Uni

"သူ့အသားလေးကတကယ်နုနုဖတ်ဖတ်လေး
ဆန်မုန့်လေးလိုဖြူဖွေးပြီးအိစက်နေရောဘဲ
ကိုက်ထည့်လိုက်ရင်ဘယ်လောက်ကောင်းလိုက်မလဲ."

အရှေ့မှာချထားတဲ့အစီရင်ခံစာများကိုမကြည့်ဘဲအတွေးကြီးတွေးနေပါသောမင်းကြီး.

"မင်းကြီး..
နည်းနည်းလောက်အာရုံစိုက်ပါအုံး"

"ငါကြည့်နေပါတယ်"

ပေါ်တင်ကြီးဗြောင်လိမ်နေတော့ လည်းမသိချင်ယောင်ဆောင်ရပြန်သည်။

"ငါစိတ်တွေပင်ပန်းနေပြီ
ဆောင်းဟို..
သူငါ့ကိုနည်းနည်းလေးတောင်
စိတ်မဝင်စားသေးဘူး"

"သူစိတ်ဝင်စားနေပြီလို့တော့
ကျတော်ထင်တယ်။
သူကိုယ်တိုင်ခံစားချက်ကိုဝေခွဲမရသေးတာထင်ပါတယ်။
မင်းကြီး..
"
တကယ်လား.."

"ကျနော့်ထင်မြင်ချက်ကိုပြောတာပါ။"

"ငါသူ့ကိုတွေ့ချင်နေပြီ"

"အဆင်မပြေသေးဘူး
ဒါတွေကိုအရင်ကြည့်ပေးပါ။
မင်းကြီး.."

"ငါမှစိတ်မပါတာ.
ပြီးတော့ပါးဖောင်းလေးကိုမတွေ့ရတာတပတ်ပြည့်တော့မယ်လေ
ငါလွမ်းနေပြီ"

"တိုင်းပြည်ရေးကိုဦးစားပေးတော်မူပါ
မင်းကြီး"

"ကောင်းပြီ.ဒါဆိုလည်း
ငါစိတ်ရှုပ်နေလို့အပြင်မှာထွက်နေပေးပါလား"

"ကျတော်ကမင်းကြီးရဲ့လုံခြုံရေးအတွက်အပြင်ထွက်လို့မရပါဘူး.."

"ဆောင်းဟိုရာ...
ခဏလောက်ဘဲအပြင်ထွက်ပေး"

"အရှင်မင်းကြီး...."

"မင်းကလည်းကွာ.
အပြင်လေးထွက်နေခိုင်းတာ
တော်တော်အရစ်ရှည်တယ်
ငါမင်းကြီးနော်.."

"ဟုတ်ကဲ့ပါ။မင်းကြီး"

"မင်းနားချင်လည်းနားလို့ရတယ်
အပြင်မှာထိုင်ပြီးတခြားအပျိုတော်တွေနဲ့လည်းစကားပြောလို့ရတယ်။
ငါကအမိန့်ထုတ်ထားတာမို့
မင်းဘာမှမဖြစ်စေရဘူး"


"ကျေးဇူးတင်ပါတယ်။မင်းကြီး
ကျတော်အခုအပြင်ထွက်နေလိုက်ပါ့မယ်။"

villainလေးအားသိမ်းပိုက်ခြင်းWhere stories live. Discover now