part 1

829 70 31
                                    

Uni

"ဘာလဲ..
ပြီးသွားတာလားဒီဝတ္ထုက
နာမည်ကသာမောင့်သက်လှယ်မိဖုရားတဲ့
ငါသာဆိုအဲ့မိဖုရားကိုလက်မထက်ဘဲဟိုဗီလိန်လေးဘဲယူမိမှာ."

အပိုင်းအနည်းငယ်လောက်သာပါသောစာအုပ်ကိုစိန်မရှည်စွာပစ်ထုတ်လိုက်သည်။

"ဇာတ်လမ်းကြီးကစောက်ရမ်းရိုးလွန်းတယ်။ဖတ်လို့ကောင်းတယ်ဆိုလို့ဝယ်ဖက်မိတာပိုက်ဆံကုန်တာဘဲအဖတ်တင်တယ်။"

ညီးညူနေတဲ့ကင်ထယ်ယောင်းကကုမ္ပဏီတခုရဲ့ceoလည်းဖြစ်သလို
အိမ်မှာနေရင်တော့ထိုပုံစံအတိုင်းဂျစ်ကန်ကန်နှင့်.

"အလုပ်နားရက်လေးကိုဒေါသတွေဘဲထွက်နေရတယ်။တကယ်ဘဲ
တော်တော်ကိုအသုံးမကျတဲ့စာရေးဆရာ
ဘာတွေများနာမည်ကြီးနေမှန်းလည်းမသိ.."

စာရေးဆရာကိုအားရပါးရဝေဖန်နေတဲ့ceoတယောက်.

"ငါသာဆိုရင်စပယ်ရှယ်ရေးပစ်လိုက်မှာ.
တော်ပါပြီကိုယ့်ဘာသာအနားယူတုန်းလေး"

"ကင်ထယ်ယောင်းရေ..မေမေ့သားလေးရေ"

အိမ်အောက်ထပ်မှအသံကြားတာကြောင့်ceoမှာပျာပျာသလဲအောက်သို့ပြေးဆင်းရတော့သည်။အမေ့ရဲ့လက်သံကပြောင်သည်မို့လို့ဆင်းမလာရင်အဆော်ခံရမည်။

"ဟာ...မေမေ
ဘယ်တုန်းကရောက်တာလဲ"

"အခုဘဲလေ"

အနီရောင်ကိုယ်ကျပ်ဂါဝန်ကိုဝတ်ထားပြီးဆံပင်ချထားသူက ကိုယ့်အမေပါဆိုတာမယုံနိုင်သေး.
တကယ်အမေကချောချောလေးရယ်

"ဖေဖေရော."

"ပါမလာဘူး."

"ကြည့်ပါအုံးငါ့သားလေးချောလာလိုက်တာ."

ပါးနှစ်ဖက်ကိုဆွဲကာပြောနေသောမေမေ

"ဒါနဲ့..အိမ်ထောင်ပြုဖို့မစဥ်းစားသေးဘူးလား
မင်းသဘောကျတဲ့သူရောမရှိဘူးလား"

"ဟာ...မေမေကလည်း
သားကငယ်ငယ်ဘဲရှိသေးတာကို"

ဖြောင်း!!

လက်မောင်းတဖက်ကိုအားရပါးရရိုက်သောမေမေကြောင့်ကျင်ကနဲနာသွားသည်။

villainလေးအားသိမ်းပိုက်ခြင်းWhere stories live. Discover now