part 6

291 49 11
                                    

Uni

"ဒါကတော့အပြင်ကလူလတ်တန်းစားတွေဝတ်တဲ့အထည်မျိုးပါ။
တကယ်လို့ပိုးထည်ကိုဝတ်ရင်ရဲမက်မဟုတ်ဘူးဆိုတာကိုသတိထားမိနိုင်တာကြောင့်ကျနော်မျိုးပြင်ဆင်ထားတာပါ။
ပြီးတော့မနက်ဖြန်ကျရင်နန်းသဘင်အစည်းအဝေးရှိပါတယ်.မင်းကြီး"

"ရှင်းပြသွားတာတော်တယ်
အထိန်းတော်ကြီး
ဒါနဲ့ဘာယူသွားပေးရင်ကောင်းမလဲ"

"ကျတော့်အထင်ရေသွားကူးကြမှာဆိုတော့
ဆန်အရက်အပျော့ ကိုယူသွားသင့်ပါတယ်
ရေကူးပြီးရင်စားကြသောက်ကြလို့ရတာပေါ့"

"ကောင်းပြီ
ငါသွားဖို့အဝတ်လဲလိုက်ဦးမယ်
ဆောင်းဟို.မင်းလည်းလဲတော့"

"ဟုတ်ကဲ့ပါ။မင်းကြီး"

"တကယ်လို့တခုခုအကြောင်းရှိခဲ့ရင်ကြည့်ကျပ်ပြီးလုပ်ထားလိုက်ပါ။
အထိန်းတော်ကြီး"

"ဟုတ်ကဲ့."

.......

.........

ဆန်အရက်နှစ်ပုလင်းလောက်ကိုဆိုင်တဆိုင်မှဝယ်ခဲ့ပြီးလမ်းလျှောက်လာလိုက်ကြသည်။


"မင်း..တကယ်ရောသိလို့လား"

"သိပါတယ်..
အဲ့ဒီစမ်းချောင်းကအရမ်းကိုကြည်ပြီး
လှလည်းလှတယ်
ကျနော်အရင်တုန်းကမင်းကြီးနဲ့သွားဖူးတယ်လေ"

"ဆောင်းဟို..အဲ့လိုမခေါ်နဲ့
လူတွေကြားသွားမှဖြင့်"

"အဲ့ဒါဆိုဘယ်လိုခေါ်ရမှာတုန်း
ခေါင်းဆောင်လို့ခေါ်ရမှာလား"


"ခေါင်းဆောင်လို့ခေါ်ရအောင်ငါကဂိုဏ်းထောင်ထားတာမှမဟုတ်ဘဲ
ငါ့ကိုသူငယ်ချင်းလိုပြောလိုရတယ်
နားလည်လား"

"နားလည်တာပေါ့ကွာ..
အဲ့လိုစကားကိုလွတ်လွတ်လပ်လပ်ပြောလို့ရတယ်ပေါ့."

"အေး."

"ဒါနဲ့တကယ်ရောသိ...."

"သိပါတယ်ဆိုနေမှ.."

"ဆောင်းဟို..ငါကဘယ်သူလဲဆိုတာသိတယ်ဟုတ်
အပြောအဆိုနည်းနည်းလျော့စမ်း"

"တောင်းပန်ပါတယ်။
မသိဘူးလေ.သူငယ်ချင်းလိုဆက်ဆံလို့ရတယ်ဆိုတော့."

villainလေးအားသိမ်းပိုက်ခြင်းOn viuen les histories. Descobreix ara