part 7

237 43 6
                                    

Uni

"မင်းကြီး...
ဒီကိစ္စကိုစဥ်းစားပေးတော်မူပါ။"

အမတ်ကြီးချွဲဟာသူ့ကိုမိဖုရားမြှောက်ရန်ပြောဆိုနေခြင်းသာဖြစ်သည်။

"ငါကိုယ်တော်အသက်ကလည်းငယ်သေးတယ်
ပြီးတော့ဒီအကြောင်းတွေကိုစိတ်မဝင်စားသေးဘူး."

နန်းတွင်းကားများကြည့်ထားသူကြောင့်စကားကိုအချက်ကျကျဖြေနိုင်နေသည်မို့ပြသနာတော့မရှိ..

"အမတ်ကြီးချွဲပြောတာကျနော်မျိုးလည်းထောက်ခံပါတယ်။
တိုင်းပြည်နောင်ရေးကိုစဥ်းစားပြီးမိဖုရားမြှောက်သင့်ကြောင်းပါ။"

ထိုဝတ္ထုအရအမတ်ကြီးချွဲနှင့်သူ့အပေါင်းပါတွေကများသလို
ကိုယ့်အပေါ်စိတ်ရင်းနဲ့ပြောပြသူများလည်းရှိသည်။

"အမတ်ကင်ကောဘယ်လိုတွေးလည်း".

"ကျတော်မျိုးကတော့မင်းကြီးစိတ်တိုင်းကျပြုမူသင့်ကြောင်းထင်ပါတယ်။"

အမတ်ကင်.တနည်းအားဖြင့်ကျနော့်အကိုဝမ်းကွဲကင်နမ်ဂျွန်း..နာမည်လည်းတူသလိုရုပ်လည်းချွတ်စွတ်.
တွေ့တွေ့ချင်းအရမ်းတူနေတာကြောင့်နမ်ဂျွန်းပါဒီထဲရောက်သွားသည်လို့တောင်ထင်မိလ်ုက်သေး၏
ပြီးတော့တရားရေးရာအမတ်လည်းဖြစ်သည်။

"အမတ်ကင်က.မင်းကြီးစိတ်တိုင်းကျပြောပေးဖို့မသင့်ပါဘူး
တိုင်းပြည်ရေးကိုစဥ်းစားရမှာပေါ့
ထီးနန်းဆက်ခံဖို့နန်းသွေးမရှိရင်တိုင်းပြည်ကြီးကမောက်ကမာဖြစ်ကုန်ပါလိမ့်မယ်။"

ဝါး....ဒီအဖိုးကြီးကလေကြီးလေ ကျယ်
သူဘဲထီးနန်းကိုလိုချင်ပြီးတော့များ.

"ကျတော်မျိုးတို့တိုင်းပြည်မှာရှိတဲ့မိန်းကလေးတွေဟာလည်းအရှင်မင်းကြီး
ကြင်ရာတော်ရွေးပွဲကိုစောင့်ဆိုင်းနေကြကြောင်းပါ..မင်းကြီး"

"တော်....
ငါကိုယ်တော်ကမလုပ်ချင်သေးပါဘူးပြောတာကိုဘာလို့အထွန်တတ်နေပြန်ရတာတုန်း."

"မင်းကြီး...
ကြင်ရာတော်ရွေးပွဲကိုစဥ်းစားပေးတော်မူပါ။"

"စဥ်းစားပေးတော်မူပါ"
"စဥ်းစားပေးတော်မူပါ"

villainလေးအားသိမ်းပိုက်ခြင်းWhere stories live. Discover now