ဂုဏ်၏တိုက်ခန်းအတွင်းသို့ ပြန်ရောက်ကြသည်နှင့် စံကလည်း
ချက်ပြုတ်ဖို့ပြင်ဆင်တော့သည်။ဝယ်လာသည့်ပစ္စည်းများအား စားပွဲပေါ်တင်လိုက်ကာ မီးဖိုချောင်ထဲတွင် တစ်စုံတစ်ရာကို လိုက်ရှာနေ၏။ထိုအခါ စံ့လှုပ်ရှားမှုတို့ကို ထိုင်ကြည့်နေသည့် ဂုဏ်က လှမ်းပြောလိုက်လေသည်။
"ဒါကိုရှာနေတာမလား။"
ပြောရင်းနှင့် ကမ်းပေးလာသည့် ဂုဏ့်လက်ထဲရှိ Apron
ကို စံကယူလိုက်ကာ ကိုယ်ပေါ်တွင် ခပ်မြန်မြန်ဝတ်လိုက်၏။ထို့နောက် လက်အင်္ကျီစကိုလည်း တံတောင်ဆစ်ပေါ်သည်အထိ ခေါက်တင်နေသည်။
ထိုမြင်ကွင်းကို ကြည့်နေရင်းမှ ဂုဏ်ကပြုံးနေ၏။
"ကျွန်တော် ကူရမလား။"
ဂုဏ့်အပြောကြောင့် ချက်ပြုတ်ရန် ဟင်းရွက်သင်နေသည့် စံက တစ်ချက်လှမ်းကြည့်လာကာ
"မင်းထိုင်နေတာက ပိုကောင်းမှာပါ။ငါတစ်ယောက်တည်းလုပ်တာကမှ ပိုမြန်အုံးမယ်။"
"စေတနာနဲ့လဲပြောရသေးတယ် ခင်ဗျား။"
"..........."
ဂုဏ့်ကို အကြည့်တစ်ချက် ပို့ပြီးနောက် စံက ဘာမှမပြောတော့ဘဲ အချက်အပြုတ်ဘက်ကိုသာ အာရုံစိုက်တော့သည်။
လှုပ်လှုပ်ရှားရှားဖြင့် နေ့လယ်စာအတွက် ပြင်ဆင်ချက်ပြုတ်နေ
သူကိုကြည့်ပြီး ဂုဏ် သဘောမကျဘဲမနေနိုင်။ထိပ်တန်းစံ ဆို
သည့်လူသည် ထင်ထားတာထက် နူးညံ့သည့်လူပင်။သူ့အပေါ်
ဤမျှအထိ ကောင်းပေးလိမ့်မည်ဟု သူ မထင်ခဲ့ပေ။
ချက်ပြုတ်နေသည့်လူမှာ သူ့ကိုလည်း အာရုံထဲရှိပုံ မပေါ်ပေ။
သန့်ရှင်းကြည်လင်နေသည့် မျက်နှာထက်တွင် ချွေးများပင် တွေ့
နေရ၏။ထိုလူကတော့ ကိုယ့်ကိုယ်ကိုယ် သတိထားမိပုံမပေါ်။
ဂုဏ်သည် မကြည့်ရက်တော့တာကြောင့် ထိုင်နေရာမှထကာ
စားပွဲပေါ်ရှိ tissue ကို နှစ်ရွက်မျှယူလိုက်၏။ထို့နောက်
အချိုးကျကျ ခေါက်လိုက်ပြီး ချက်ပြုတ်နေသူဆီကို လာခဲ့လိုက်တော့သည်။
"ဟင်..."
ကိုင်ထားသည့် tissue ဖြင့် မပြောမဆို ခပ်ဖွဖွဖိသုတ်ပေးမိလျှင် ဂုဏ့်ကိုမော့ကြည့်လာသည့် ထိုလူ၏ မျက်ဝန်းတစ်စုံ။ထိုအချိန်တွင် ရင်ခုန်သံတွေသည် ကမောက်ကမ ဖြစ်ကုန်၏။
YOU ARE READING
Professional Actor [Completed]
Romance[Own Characters & Own Creation] [BL Story] [Drama & Romance] [1.5.2023] ➡️ [1.12.2023]
![Professional Actor [Completed]](https://img.wattpad.com/cover/340040872-64-k337407.jpg)