ထိပ်တန်း ရုပ်ရှင်ထုတ်လုပ်ရေးမှ သည်နှစ်အတွက် ရိုက်ကူးထုတ်လုပ်ဖြန့်ချိမည့် ပထမဆုံးရုပ်ရှင်ဖြစ်သော ' My Only
One ' ဟူသည့် ရုပ်ရှင်ဇာတ်ကားသည် ယနေ့တွင် စတင်ရိုက်ကူးနေပြီဖြစ်၏။
ရိုက်ကူးရေး စနေပြီဖြစ်သောကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတို့ မှာလည်း မအားလပ်ကြပေ။ထိုအထဲတွင် စံလည်း အပါအဝင်
ဖြစ်၏။ရိုက်ကူးရေး တည်ရှိသည့်နေရာနှင့် ကုမ္ပဏီသို့ အသွား
အပြန် လုပ်နေရသည်မှာ အရေအတွက်ပေါင်း မရေမတွက်နိုင်တော့သည် အထိပင်။ယခုလည်း ကုမ္ပဏီသို့ ခေတ္တရောက်နေတာ
ဖြစ်သည်။
စံသည် ရုံးခန်းထဲသို့ ရောက်လာသည်နှင့် စားပွဲဆီသို့သွားကာ
MacBook ကို ယူလိုက်ပြီး ဆိုဖာဆီသို့ လျှောက်သွားလိုက်သည်။ပြီးကာမှ ဆိုဖာပေါ်သို့ ထိုင်ချလိုက်ရင်း MacBook
ကို ဖွင့်လိုက်၏။
လတ်တလောတွင်တော့ စံတို့၏ ရုပ်ရှင်ထုတ်လုပ်ရေးမှ ရုပ်ရှင်
ရိုက်ကူးရေး စနေပြီဖြစ်သည့် သတင်းတွေက ထင်ပေါ်နေ၏။
စံသည် ထိုသို့သော post များ၏အောက်မှ comment များကိုလည်း အမှတ်မထင် ဝင်ကြည့်ဖြစ်ပါသည်။ယခုလည်း အမှတ်တမဲ့တွေ့လိုက်သည့် post တစ်ခု၏အောက်တွင် ရှိနေသော Comment များအား ဝင်ဖတ်ကြည့်လိုက်မိ၏။
ရုပ်ရှင်အတွက် အကောင်းမွန်ဆုံးရလဒ်ကို မျှော်လင့်နေကြသည့်
မှတ်ချက်တွေကသာ အများဆုံးဖြစ်နေ၏။
အတိုက်အခိုက်များကလည်း ကိုယ်မမြင်နိုင်သည့် နေရာတိုင်းတွင် ရှိနေနိုင်သည်မို့ စံသည် media ဘက်ကိုလည်း မလစ်ဟင်းအောင် သတိချပ်၍ စောင့်ကြည့်နေရတာဖြစ်၏။
Ti.. Ti.. Ti..
သတင်းများကိုကြည့်နေစဉ် စားပွဲပေါ်မှဖုန်းသည် အသံမြည်လာ
တာကြောင့် စံသည် ဖုန်းကိုကောက်ယူ၍ ကိုင်လိုက်လျှင်..
"ကိုစံ ဟို...ဟိုလေ မင်းသားက ပြဿနာရှာနေလို့။"
"ဘာဖြစ်တယ်...။"
စံသည် မတ်တပ်ပင် ထရပ်လိုက်မိသည်အထိ။တစ်ဆက်တည်း
အောက်နှုတ်ခမ်းကိုပါ ခပ်ဖွဖွ ဖိကိုက်ပစ်မိသေးသည်။
ဒီမင်းသားရဲ့ ဖောက်တဲ့ဇာတ်လမ်းတွေက စလာပြီ။
"ဘာကို ပြဿနာရှာတာလဲ သူက။"
YOU ARE READING
Professional Actor [Completed]
Romance[Own Characters & Own Creation] [BL Story] [Drama & Romance] [1.5.2023] ➡️ [1.12.2023]
![Professional Actor [Completed]](https://img.wattpad.com/cover/340040872-64-k337407.jpg)