Part-6 (Unicode)

33.8K 2.1K 42
                                        

"ဘောင်းဘီက ကျပ်နေတယ်။"

မနက်ပိုင်းရိုက်မည့် scene အတွက် ဂုဏ်က အဝတ်အစားလဲ
ပြီးသည့်နောက် ဘောင်းဘီကိုငုံ့ကြည့်ရင်း ပြောလိုက်တာဖြစ်
သည်။ထိုအခါ stylist ဖြစ်သူ မိုမိုကလည်း ပြန်ရှင်းပြ၏။

"မဟုတ်ဘူး ဂုဏ်။ဂုဏ် fitting ကျကျနဲ့
ဝတ်လို့ရအောင် အခုလိုလေး ချုပ်ထားတာပါ။ဟို..."

"ဒါဆိုရင် ကျွန်တော်က မဟုတ်ဘဲ ပြောနေတယ်လို့
ဆိုလိုတာလား။"

"အဲ့လိုလဲ မဟုတ်ပါဘူး။ဟို.. ဂုဏ် အဆင်မပြေရင်
မို ပြန်ပြင်ပေးပါ့မယ်။"

"အခုတော့ ထားလိုက်ပါတော့။ရိုက်ကူးရေးကလဲ စတော့မှာ။
နောက်ကိုသာ ထပ်မဖြစ်ပါစေနဲ့။"

"ဟုတ်ကဲ့ပါ ဂုဏ်။နောက်ကို ပိုပြီး ဂရုစိုက်ပါ့မယ်။"

မိုမိုက ထိုစကားကိုပြောပြီးနောက် ဂုဏ်သည် အခန်းထဲမှထွက်
သွားတော့၏။အခန်းထဲတွင် လူ(၅)ဦးခန့် ရှိနေသော်လည်း တစ်
ယောက်မှ ဝင်မပြောရဲကြ။ဂုဏ်၏ တည်တင်းထားသည့်
မျက်နှာကြောင့်ပင်ဖြစ်မည်။ထို့အပြင် ဂုဏ်က တစ်ခုမဟုတ်
တစ်ခု ပြဿနာရှာနေကျ ဖြစ်သည်ကို ကြိုသိနေသောကြောင့်
လည်း ဖြစ်နိုင်၏။

"တစ်ရက်တစ်ရက်လဲ ကြောက်လိုက်ရတာ..။
ငါ့မှာလေ သူ့ကို ဘယ်လိုကြောက်မှန်းမသိဘူး။"

မိုမို၏ အကူကလေးဖြစ်သူ ကောင်လေးတစ်ယောက်က ထိုစကားကိုပြောရင်း ထိုင်ခုံတွင် ပစ်ခနဲ ထိုင်ချ၏။

"ဟုတ်ပါ့ဟယ်.. ငါရောပဲ။ဒါပေမဲ့ ရုပ်လေးက
ချောနေတော့ အပြစ်မမြင်ရက်ဘူး ဖြစ်‌နေတယ်။"

နောက်ထပ်တစ်ယောက်က ဝင်ပြောလာလျှင် အစောကတစ်ယောက်ဆီမှ အသံသည်လည်း ချက်ချင်းထွက်လာ၏။

"ဒီနှာဘူးမ ဆိုတာလဲ!။"

"ဘာလဲ မဟုတ်လို့လား။နင်တို့ရော သူ့ကိုမကြွေကြလို့လား။"

"ကြွေတော့ ကြွေချင်ပါတယ်။ဒါပေမဲ့ ကြောက်တယ်ဟဲ့။"

"ဟားဟား!"

ခပ်ကျယ်ကျယ် အော်ရယ်သံသည် အခန်းအတွင်း ပျံ့လွင့်သွား
တော့၏။မိုမိုသည်ပင် လိုက်ပြုံးမိ၏။သည်ကလေးတွေသည် 
အလုပ်ကို ပျော်ပျော်ရွှင်ရွှင်လုပ်ကာ ပျော်ပျော်နေတတ်ကြတာဖြစ်သည်။အလုပ်အားချိန်တိုင်းတွင် အုပ်စုဖွဲ့ကာ ပေါက်ကရပြော
တတ်သည်မှာ သူတို့ရဲ့ မူပိုင်အကျင့်‌လေးတစ်ခု။

Professional Actor [Completed]Where stories live. Discover now