Part-15 (Unicode)

30.7K 2.1K 112
                                        

တင်း!.. တောင်!..

bell အသံကြောင့် ရေချိုးပြီးခါစ ဂုဏ်သည် ခါးထက်တွင်
တဘက်အဖြူကိုသာ ပတ်ထားရင်းနှင့် အခန်းထဲကထွက်လာကာ
တံခါးကိုဖွင့်လိုက်၏။ထိုအခါ အထုပ်ကြီး အထုပ်ငယ်များစွာကို
ဘယ်ညာဆွဲထားလျက်ဖြင့် အထဲသို့ဝင်လာသည်မှာ ထွဋ်မြတ်ဦး။

"လေးလိုက်တာကွာ...။"

လေးလံစွာသယ်ထားရသည့် လက်ထဲရှိ စားစရာအိတ်တို့ကို
စားပွဲပေါ်ချရင်း ထွဋ်မြတ်ဦးက ညည်းသလိုပြောသည်။

"ဖုန်းတော့ကြိုမဆက်ဘူး.. ငါဆင်းလာမှာပေါ့။"

"ဆက်ပါ့.. မင်း ဖုန်းမကိုင်တာ။"

"ရေးချိုးနေလို့ မကြားလိုက်ဘူး။"

ဂုဏ်ကပြောရင်း ဆိုဖာတစ်ခု၏အစွန်းတွင် ကပိုကရိုထိုင်လိုက်
ကာ စိုနေသည့်ခေါင်းကို လက်ဖြင့် ခါထုတ်နေ၏။ထိုအခါ လွင့်
စင်လာသော ရေစက်တချို့မှာ ထွဋ်မြတ်ဦး၏မျက်နှာဆီသို့
သွားကပ်‌လေသည်။

ထိုရေစက်တို့ကို ထွဋ်မြတ်ဦးက လက်ဖမိုးဖြင့်သပ်ချလိုက်ကာ...

"အပြင်မှာသွားသောက်ရင် ဘာဖြစ်မှာမို့လို့လဲ မင်း။"

"အပြင်မထွက်ချင်လို့။မနက်ဖြန် ရိုက်ကွင်းလဲသွားရမှာ
မို့လို့။"

"ဪ...."

ထွဋ်မြတ်ဦးက ဂုဏ့်ကိုကြည့်ကာ မဲ့ရွဲ့ပြသည်။သို့သော် ဂုဏ်က
တစ်ဖက်ကိုလှည့်နေတာမို့ သူ့မျက်နှာ၏ ဖြစ်ပျက်‌နေပုံကို မမြင်လိုက်ရပေ။

"ပန်းကန်တွေရှိလား မင်းဆီမှာ။"

"အင်း ‌အနောက်မှာရှိတယ်။"

"အဝတ်လဲပြီးရင် ငါ့ကိုလာကူ။"

"အေးပါ...။"

ထွဋ်မြတ်ဦးသည် အထုပ်တို့ကိုဆွဲကာ မီးဖိုချောင်ဘက်သို့သွား
ပြီဖြစ်သလို ဂုဏ်သည်လည်း အဝတ် ဝတ်ရန်အတွက် အခန်းထဲ
သို့ဝင်သွား၏။

အချိန်တစ်ခုကြာလျှင် ဂုဏ်သည် Polo shirt အနီရောင်နှင့်
နက်ပြာရောင် ဂျင်းဘောင်းဘီ အရှည်တို့ကို တွဲဝတ်ထားလျက်ဖြင့် အခန်းထဲမှထွက်လာ၏။ထို့နောက်တွင်တော့ ထွဋ်မြတ်ဦးရှိနေသည့် အခန်းဆီသို့ ဝင်သွား၏။

Professional Actor [Completed]Where stories live. Discover now