Part-9 (Unicode)

30.2K 1.9K 50
                                        

ကြည်လင်သန့်စင်နေသည့် ကောင်းကင်ပြင်တစ်ခွင်လုံးသည်
သာယာအေးချမ်းသည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနေ၏။
နေသည်လည်း အပူချိန်ကို ပူလောင်လွန်းသည်အထိ မတောက်ပ
သေးသည်မို့ နံနက်ခင်းသည် ခပ်နွေးနွေးဖြစ်နေရုံသာ။

တာဝန်ရှိသူ အသီးသီးတို့ကလည်း ရိုက်ကူးရေးစနိုင်ဖို့အတွက်
ကိုယ်စီတာဝန်များကို တက်တက်ကြွကြွနှင့် ပါဝင်ဆောင်ရွက်နေကြသည်။ထိုအထဲတွင် မာမီချိုနှင့် သူမ၏ ကလေးများမှာတော့
အတက်ကြွဆုံးပင်။

"ဂုဏ်.. တို့ကိုလေ တစ်ခုလောက်ကူညီပေးပါလား။
ဒီsceneလေးက တို့အတွက်ခက်နေတာ့ ကြိုပြီး
လေ့ကျင့်ထားကြည့်ချင်လို့။"

ကလျာနွယ်က ကော်ဖီသောက်ရင်းထိုင်နေသည့် ဂုဏ့်ကို
ရွှင်ပျနေသည့်မျက်နှာဖြင့် ကြည့်ရင်း ဇာတ်ညွှန်းစာအုပ်ကိုပြလျက် ချိုချိုသာသာဆိုလိုက်သည်။သူမသည် မိတ်ကပ်ကို ပါးပါး လိမ်းခြယ်ထားပြီး နှုတ်ခမ်းကိုလည်း အရောင်ဖျော့တာကို
သာ ဆိုးထားတာဖြစ်၏။character နှင့် လိုက်ဖက်မှုရှိစေဖို့ အပြင်အဆင်တွေကအစ သဘာဝကျ‌မှုရှိရန် ဒါရိုက်တာက အထူးညွှန်ကြားထားတာဖြစ်သည်။

ထို့ကြောင့် make up artist နှင့် stylist တွေခမျာ
သရုပ်ဆောင်တွေကို ပြင်ဆင်ခြယ်သပေးတိုင်း သတိချပ်ကြရ၏။

မည်သို့ပင်ဆိုစေကာမူ အရောင်အသွေး ခပ်ပါးပါးသာခြယ်ထား
သည့် ကလျာနွယ်သည် နဂိုအလှကိုတော့ မဖုံးနိုင်ပေ။လှဆဲလှမြဲ။

ကလျာနွယ်၏ ချိုသာစွာအပြောအား ဂုဏ်သည် တည်တည်တံ့
တံ့သာ တုံ့ပြန်၏။

"ကျွန်တော် ခေါင်းသိပ်မကြည်လို့...။စိတ်မရှိပါနဲ့။"

ဤစကားသည် သူမ၏တောင်းဆိုချက်အား ငြင်းလိုက်မှန်း
ကလျာနွယ်က သိ၏။သို့သော် သူမမျက်နှာထက်တွင် ရှိနေသော
အပြုံးလှလှမှာတော့ တစ်ချက်ကလေးမှ မူမပျက်သွားပေ။
ထိုအစား အရောင်ဖျော့ဖျော့သာတင်ထားသည့် သူမ၏နှုတ်ခမ်း
ပါးအား ပို၍ပြုံးလိုက်ရင်း...

"လုပ်ပါ ဂုဏ်ရဲ့.. ကူညီပါ။တို့ တစ်ကယ်လိုအပ်လို့ပါ။နော်...။"

Professional Actor [Completed]Where stories live. Discover now