Part-10 (Unicode)

33.5K 1.9K 80
                                        

ပန်းစည်းကြီးအား စိတ်ကျေနပ်သည်အထိ ကြည့်လိုက်ပြီးလျှင်
ငုံ့နမ်းလိုက်မိ၏။ထိုအခါ ခံစားမိလိုက်သည့် သင်းပျံ့တဲ့ရနံ့သည်
တစ်ကိုယ်လုံးသို့ ဖုံးလွှမ်းသွားသည့်နှယ်။မကြည်မလင်ဖြစ်ချင်
နေသည့် စိတ်တို့သည်လည်း ချက်ချင်းလိုလို လန်းဆန်းသွား၏။

စံသည် ပန်းစည်းအား ဝအောင် ရှူရှိုက်ပြီးကာမှ တစ်စုံတစ်ရာ
ပါလို့ပါငြား လိုက်လံကြည့်ရှုမိသေး၏။သို့သော် မည်သို့သောစာမှ မပါ။ထိုအခါ စံ့မျက်ခုံးတို့သည် အနည်းငယ် တွန့်မိလျက်သား။

ပန်းစည်းအားကြည့်ရင်း ရပ်နေမိသည်မှာ အချိန်တစ်ခုအထိကြာ
နေပြီဖြစ်၏။အနားမှ ရှပ်၍တိုက်ခတ်သွားသည့် လေ၏အရှိန်
ကြောင့် သူ၏ဆံပင်တို့မှာ နဖူးပြင်ပေါ်တွင် ကပိုကရိုဖြစ်နေရာမှ အပေါ်ဘက်သို့ သိသိသာသာရွေ့လျားကုန်သည်။သို့တိုင် သူသည်
မလှုပ်မယှက် ရပ်နေမိဆဲ။

"ပန်းတွေကို အဲ့လောက်တောင်ကြိုက်တာလား။"

အနောက်ဘက်မှ အသံတစ်သံသည် သူ၏အကြားအာရုံထဲသို့
ညင်ညင်သာသာနှင့် ဝင်ရောက်လာ၏။ထို့ကြောင့် စံသည် ထိုအသံ၏လာရာဖြစ်သည့် အနောက်ဘက်သို့ ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်မိသည်။

ထိုအခါ ခါတိုင်းနှင့်မတူဘဲ တစ်မျိုးဖြစ်နေသည့် ပြဿနာမင်းသားသည် ခေါင်းစဉ်တပ်ရခက်သည့် အကြည့်တစ်မျိုးနှင့် သူ့အား ကြည့်နေ၏။စံသည် ထိုတစ်ယောက်ကိုမြင်လိုက်သည်နှင့် ကောင်းကောင်းမွန်မွန်တုံ့ပြန်ချင်သော်ငြား လက်တွေ့မှာတော့ ဆန့်ကျင်ဘက်ဆန်ဆန်သာ ပြောဖြစ်ပါသည်။

"အဲ့ဒါက မင်းနဲ့ဘာဆိုင်လို့လဲ။ဟင်! မင်း..."

မျက်နှာပေးတစ်မျိုးဖြစ်နေသည့် မျက်နှာချင်းဆိုင်မှတစ်ယောက်ကြောင့် စံသည် ပန်းစည်း၏ပိုင်ရှင်ဖြစ်သူကို မမေးဘဲ အဖြေထုတ်နိုင်သွားတော့၏။လှုပ်လှုပ်ရှားရှားဖြစ်သွားရသည့် စံ့ကို
ကြည့်နေရင်းမှ သူက ပြောလာသေးသည်။

"ဘာလဲ ကျွန်တော်ပေးတာဆိုရင် မကြိုက်လို့လား။"

"............"

စံသည် မဖြေမိ။ထိုအစား တစ်ဖက်ကိုသာ အကြည့်လွှဲထားရင်း
တိတ်ဆိတ်နေမိ၏။အချိန်တစ်ခုကြာလျှင် ဘေးကိုငေးနေရင်းမှ
အရှေ့သို့ သေချာကြည့်လိုက်ပြီး....

Professional Actor [Completed]Where stories live. Discover now