ဇာတ်သိမ်းပိုင်း

Começar do início
                                    

' ဆလိုင်းနဲ့ အရင်က ရန်ငြှိုးရှိတဲ့​ကောင်​တွေပါ။ အဲဒီ​ကောင်​တွေက ဆလိုင်း အဖွဲ့ထဲက ခွဲထွက်သွားတာ သိလို့ အရင်က အ​ကြွေးကို ဆပ်ဖို့ ဒီရက်ပိုင်း ဆလိုင်းကို လိုက်ရှာ​နေကြတာ။အဲဒါ​ကြောင့် ငါ ဆလိုင်းကို သတိ​ပေးလိုက်​သေးတယ်။ အစ်ကို့အထင် သူတို့ဆလိုင်းကို ​တွေ့သွားပြီ ထင်တယ်။အန်ကယ်​ဇေယျာက သူတို့​ခေါင်း​ဆောင်နဲ့ ဆက်သွယ်​နေတယ်။ လုပ်ငန်းတစ်ခုနဲ့ အလဲအထပ်လုပ်ပြီး ဆလိုင်းကို မ​နှောက်ယှက်ဖို့ တားဖို့ ကြိုးစား​နေတယ်။ အဆင်​ပြေခါနီးပြီမို့ မလိုအပ်ဘဲ မင်း အရမ်းစိုးရိမ်မှာ စိုးလို့ မင်း ခုနက ဖုန်းဆက်တုန်းက အစ်ကို မသိဘူးလို့ ညာ​ပြောလိုက်တာ။ အန်ကယ်​ဇေယျာက မင်းတို့နှစ်​ယောက်​ပေါ် လုပ်ခဲ့မိတာ​တွေ အတွက် ​​လျော်​ကြေး​ပေးတယ်လို့ သတ်မှတ်​ပေးပါတဲ့။ '

" အစ်ကိုတို့က ဘယ်အချိန်မှ ညှိနှိုင်းလို့ ပြီးမယ်ဆိုတာ မသိဘူး။ ဒီကြားထဲ ဆလိုင်း တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ဘယ်လို​တောင် ​သွေး​အေးနိုင်ရတာလဲ။ စိတ်​အေး​အေး ထားဖို့ ​ပြောနိုင်ရတာလဲ။သူနဲ့ ထိပ်တိုက်​တွေ့ရမယ့် ​ကောင်​တွေက လက်​ရေ ယဥ်ပါး​နေတဲ့ ​ခွေးလို ​ကောင်​တွေ။ ဒါနဲ့​တောင် ဘာလို့ ဖုံးကွယ်ထားရက်တာလဲ။ဆလိုင်းသာ တစ်ခုခု ဖြစ်ခဲ့ရင် ခွင့်မလွှတ်ဘူးဆိုတာ မှတ်ထားပါ။ "

​စောမင်းခန့်က ဖုန်းအရင်ချလိုက်သည်။ ​နေယံက ခြံပြင်ကို ​ငေး​နေရင်း ​ဘယ်လို လုပ်သင့်သလဲ ​တွေး​နေသည်။​​​စောမင်းခန့်က ယိုင်နဲ့စွာဖြင့် ကွပ်ပျစ်ကို လက်​ထောက်ထားပြီး ​ခေါင်း​အေး​​အေး ထားကာ စဥ်းစား​နေသည်။

" ကျွန်​တော် သွားရှာမယ်။ သူတို့ လူရှင်းတဲ့ ​နေရာမှာ ​တွေ့မှာပဲ။ မြို့ပြင်တို့ အ​​​ဆောက်အအုံအ​ဟောင်းတို့ ဖြစ်နိုင်​ချေ များတယ်။ "

​​နေယံက သွားဖို့ ပြင်​တော့ ​စောမင်းခန့်က ​နေယံ၏ လက်ကို ဆွဲထားသည်။

" မင်းကို စိတ်မချဘူး။ ငါပါ ... "

​​စောမင်းခန့် စကား   မပြီးခင် ​နေယံက ဆွဲထားသည့် ​စောမင်းခန့်၏ လက်ကို အား​​ပေးသလို ခပ်ဖွဖွ ပုတ်​​ပေးကာ ​ပြောသည်။

Masterpiece ( Completed )Onde histórias criam vida. Descubra agora