ဆရာဝန်ထွက်သွားတာနဲ့မလတ်က
လှဲနေရာကနေ ထထိုင်လိုက်သည်။

" ထမင်းစားတော့မလား သူဇာ"

" စားတော့မယ် အ​မေ"

မလတ်က စိတ်မြန်လက်မြန်နဲ့ ထနေ
ပြီမို့သူ ကုတင်အနား အမြန်သွားကာ
​ဆေးပုလင်း ချိတ်ထားတဲ့တိုင်ကိုကိုင်ပြီး စားပွဲဆီသို့မလတ်ကို ခေါ်လာခဲ့ရသည်။
ကုတင်မှာပဲစားဖို့ ပြောကြည့်​သော်
လည်းမလတ်ကလက်မခံ။​ပေးရတာ
အမြင့်ဆုံးထဲကအခန်းမဟုတ်​သော်
လည်း အခန်းထဲမှာစားပွဲပါရှိလို့ အ
ဆင်ပြေ​လေသည်။သူတို့ ဆေးရုံ
တက်တော့ ကုန်မဲ့အတူတူ​တော့ပုဂ္ဂလိက
ကိုပဲလာဖြစ်​တော့တယိ။

" အဖေထမင်းချိုင့်ပို့ပြီး ပြန်သွားပြီလား"

" ပြန်သွားပြီ ဝင်လို့မှမရတာ။သူ့သမီး
ကို ညကျမှလာကြည့်မယ်တဲ့ ညကျမှ
အ​မေနဲ့ ဂျူတီချိန်းလိုက်မယ်"

တစ်ခန်းမှာ လူနာရှင် နှစ်ယောက်ပဲ
လက်ခံသည်မို့ အ​မေနဲ့သူပဲအဓိက နေဖြစ်သည်။ အဖေနဲ့ကို​လေးရယ်ကို​လေးမိန်းမရယ်က​တော့ခဏပဲ လူလဲကာဝင်
ကြည့်ပြီး လိုအပ်တာတွေကို
ဆေးရုံအောက်မှာ လာပို့ကြသည်။

"​နေစင် နင်မနက်ထဲကဘာမှမစား
ရ​သေးဘူးမလား ထမင်းစားလိုက်တော့"

"မလတ်အရင်စား ကျွန်​တော်နောက်မှ
အမေနဲ့စားလိုက်မယ်"

" ငါအဖျားမရှိတော့ပါဘူးဟယ်
အတူတူစားလို့ အဖျားမကူးပါဘူး"

" မဟုတ်ဘူး ကျွန်တော်က"

" မင်းအစ်မနဲ့ အတူတူစားလိုက်သား
အ​မေ နောက်မှစားမယ်"

ချိုင့်​တွေကိုဖွင့်ကာ
ထမင်းဝိုင်းပြင်​ပေးပြီး အ​မေက
မလတ်ထိုင်​နေသည့်ခုံ အနောက်ကနေ
သူ့ကိုမျက်ရိပ်ပြသည်။

သူ အတတ်နိုင်ဆုံး မျက်နှာကိုပြင်
လိုက်ပြီး ​ပေါ့​ပေါ့ပါးပါးဖြစ်အောင်
​နေလိုက်လျက် မလတ်ပန်းကန်ထဲကို
ဟင်းထည့်ပေးလိုက်ပြီး။

"ကြက်အချိုချက် အဖေချက်ထားတာ
စားကောင်းမဲ့ပုံပဲ"

"​အေး ဟုတ်တယ်။များများစား ​နေ​​နေ"

The First He GlaredWhere stories live. Discover now