" မောနီး မား "

" အိုမို ငါတို့မက်သရူးလေးနိုးလာပြီပဲ လာလာ မနက်စာစားကြမယ် "

မက်သရူး ဟန်ဘင်းမေမေကို နှုတ်ဆက်ပြီးဟန်ဘင်းရှေ့ကခုံတွင်ဝင်ထိုင်လိုက်သည် ။

" မက်သရူးလေးစားနော် ဒါမှအားရှိမှာ "

" ဟုတ်ကဲ့ မား ကောင်းကောင်းစားပါ့မယ် "

" အင်း အဲ့တာဆို ဈေးသွားလိုက်ဦးမယ် ဟန်ဘင်းလေး ညီလေးကိုဂရုစိုက်နော် "

" ဟုတ်ကဲ့ မေမေ "

ဟန်ဘင်းမေမေက မနက်စာပြင်ပေးကာ ထွက်သွားတော့သည်။

" ဟျောင်း "

" ဟင် "

" ကျန်တဲ့သူတွေကော "

" ဂျီအွန်းတို့လား ? "

" အင်း "

" ပြန်သွားကြပြီ‌လေ မနက်စာစားသွားဦးဆိုတာ မစားပဲ နှစ်ယောက်လုံးပြန်သွားကြတာ "

" ပြန်တာတောင် နှုတ်မဆက်သွားကြဘူး "

" ဩောဟော သူက အိပ်နေပြီးတော့ "

" ဒါပေမယ့်လည်း နှိုးတဲ့အထိစောင့်ပေါ့ "

ဂျုံဝူးနှင့်ဂျီအွန်းတို့က နှုတ်မဆက်ပဲပြန်သွားသောကြောင့် မက်သရူး မနက်စာစားရင်း နှုတ်ခမ်းစူနေတော့သည်။

" ကိစ္စရှိလို့ အရင်ပြန်သွားကြတာနေမှာပါ မက်သရူးရဲ့ စိတ်မကောင်းမဖြစ်ပါနဲ့ "

" ဒါပေမယ့် နှုတ်တော့ဆက်သွားသင့်တာပေါ့ "

" အိုက်ဂူး ဟျောင်းရဲ့မက်သရူးလေး စိတ်မကောင်းဖြစ်သွားပြီ ဟျောင်းတွေ့တဲ့အခါကြ နှစ်ယောက်လုံးကို ဆူပေးမယ်နော် အခုတော့ မနက်စာစားလိုက်နော် "

" အင်း "

မက်သရူးကို နှုတ်မဆက်ပဲ ပြန်သွားကြသည်ကြောင့် စိတ်မကောင်းဖြစ်ပေမယ့် မနက်စာကိုကုန်အောင်စားလိုက်သည် ။ အမှန်တကယ်တော့ မနေ့က မက်သရူးကိုလာကြိုရင်း ရွှဲရွှဲစိုသွားသည့် ဂျီအွန်းကို စိုးရိမ်ခြင်းပင် ။

" အအေးမိသွားရင် ဘယ်လိုလုပ်မလဲ "

" ဟင် မက်သရူးဘာပြောလိုက်တာလဲ "

Our Lovely Boy Where stories live. Discover now