အပိုင်း ၂၂

203 31 10
                                    


Unicode

      ပိုင်ဝေ့ရှင်းတယောက် ဂျိတ်အိုဗက်ဒီအား မနိုင်သည့်ပုံစံဖြင့် မျက်လုံးကိုလှိမ့်ပြလိုက်သည်။ ရုတ်တရက်ဆာလောင်လာသောအစာအိမ်ကြောင့် ပိုင်ဝေ့ရှင်းရဲ့မျက်လုံးအစုံသည်  ဘေးစားပွဲပေါ်တင်ထားသော အစားအသောက်ဗန်းကို မျက်လုံးရောက်သွားသည်။
လူကြီးလူကောင်းတို့မည်သည် မိန်းမပျိုလေးဗိုက်ဆာချိန်မှာ သူမစားလိုရာစားနိုင်စေရန်အလိုက်တသိထွက်သွားပေးသင့်တယ်မဟုတ်လား??...။

သူ့အိမ်မှာသူနေသောဂျိတ်အိုဗက်ဒီ... ????

" မင်းကြိုက်မယ်ထင်လို့ လုပ္လာတာ..စားကြည့်လိုက်..အဆင်မပြေရင်လဲ ကိုယ် အသစ်ပြင်ပေးမယ်..."

" မလိုပါဘူး... က်မက အဆင်ပြေတယ်...."
" ဂြီ~~~~~~"
"..........."

" အိုကေ... ကိုယ်အပြင်ကစောင့်နေမယ်...မင်းစိတ်ချလက်ချစားနိုင်အောင်..."

အခန်းတံခါးကိုပိတ်ထားခဲ့ပြီး ဂျိတ်အိုဗက်ဒီ စာကြည့်ခန်းထဲသို့ ဝင်လာခဲ့သည်။
ဖတ်လက်စစာအုပ်အား ယူကာ ဆက်ဖတ်ရန်ပြင်လိုက်စဉ်  ဖုန်းမြည်သံထွက်ပေါ်လာသည်။

" ဟယ္လို..." ဂျိတ်အိုဗက်ဒီ ဖုန်းကိုယူကိုင်လိုက်သည်။

" ဂျိတ်.... မင်းဘယ်မှာလဲ?.. မင်းဘယ်ပျောက်နေတာလဲ?... အဲ့တာမင်းမလား?.. မင်းကို ငါဘာမွာထားလဲ?...မင်းရဲ့စွမ်းရည်တွေကိုထုတ်မသုံးဖို့ကို ငါမပြောထားဘူးလား?..  မင်းရဲ့ရန်သူတွေ မင်းကို ခြေရာခံမိသွားမယ်ဆိုတာမင်းနားမလည်ဘူးလား?.. မင်း ဘာလို့စကားမပြောတာလဲ?.. ငါမေးတာဖြေလေ... ဂျိတ်.!!!.."  ဟု ကျယ်လောင်သောအော်သံနဲ့အတူ အမျိုးသားတယောက်ရဲ့စိုးရိမ်စွာတရစပ်ပြောဆိုနေသောစကားသံများ ကြားလိုက်ရသည်။
ထိုလူသားသည်  သူ ဒီနေရာကိုစရောက်ကထဲက သူ့အပေါ်ကောင်းပေးပြီး သူ့ကိုယုံကြည်လက်ခံပေးခဲ့သော တဦးတည်းသောသူလဲဖြစ်သည်။
ဒန်နီရယ်ရောဘတ်သည်  ဒီဂြိုလ်ပေါ်မှာ သူ့အတွက် သူငယ်ချင်းကောင်းတယောက်ဖြစ်သည်။

" မင်း ...   ငါ့ကိုရောပြောခွင့်ပေးခဲ့လို့လား!..."
ပျင်းတိပျင်းရွဲ့အသံနဲ့ ပြန်ပြောလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Jul 26, 2023 ⏰

Add this story to your Library to get notified about new parts!

ချစ်သောဗီလိန်လေး 2  (Ongoing)Where stories live. Discover now