အပိုင်း ၁၃

835 125 26
                                    


Unicode


အားလုံး သတိလက်လွတ်ဖြစ်နေကြရာမှ  ပထမသတိဝင်လာသူ ပိုင်ဝေ့ရှင်း ထိုလူနောက်သို့ အမြန်ပြေးလိုက်သွားသည် ။ ဆက်သွယ်ရေးဆက်မှတဆင့် ကာတာရှီအား သတင်းပို့ကာ  ...

" ဟိတ်! မပြေးနဲ့ ရပ်စမ်း...  မင်းလက်ထဲက ပစ္စည်းကို ချလိုက်...  ဒါ နိုင်ငံနဲ့သက်ဆိုင်တဲ့ပစ္စည်း  ... မင်း မချရင် ငါပစ်မှာနော်...."

ဆက်ပြေးနေသဖြင့်  သေနတ်နှစ်ချက်ခန့် ကောင်းကင်ပေါ်သို့ ပစ်လိုက်ပြီး.....

" နောက်လာမဲ့အချက်တွေက  မင်းကိုယ်ပေါ်မှာ အပေါက်တွေဖောက်သွားမယ်နော်... အခုရပ်လိုက်ပါ... "

" ကျနော်ကို မပစ်ပါနဲ့...  ကျနော့်ကို မပစ်ပါနဲ့... "

" မင်း ဒီဘက်ကိုလှည့်ပြီး  လက်ထဲက ကျောက်တုံးကို အသာချလိုက်... ပြီးရင် မင်းလက်တွေကိုမြှောက်ထား.."

" ကျနော် အဲ့လိုလုပ်ချင်ပေမဲ့  ချလို့မရဘူး... ဒီကျောက်တုံးထဲမှာ ကျနော်နဲ့ပက်သက်နေတဲ့ဟာရှိနေတယ်... "

' ဖြူလုံးရေ  သူက ချမရဘူးတဲ့.. ငါဆွဲလုရမှာလား.. ပြောအုံး..'
' hostအတွက်အရေးကြီးပါတယ်ဆိုမှပဲ ရအောင်သာယူ..အဆင်ပြေအောင်လုပ်.. ဒီကိစ္စက ကူညီပေးလို့မရဘူး.."

" ဒါဆို မင်းလက်တွေကို ငါ မြင်သာအောင်မြှောက်ထား... ဉာဏ်များမယ်တော့ မကြံနဲ့နော်... အပေါက်တွေဖြစ်သွားမယ်..."

ပိုင်ဝေ့ရှင်း  အင်္ကျီအပြာ​ရောင်တီရှပ်ဝတ်ထားသောလူငယ်ဆီ အသာကပ်ကာ လက်ထဲမှ ကျောက်တုံးအား ဆွဲယူလိုက်သည် ။
သူပြောတော့ ချမရဘူးတဲ့ ၊ ငါဆွဲယူတာကျရလားဟ. ၊ ထူးဆန်းလိုက်တာ ။
သူမ တခုသတိမထားမိတာက အဲ့ကောင်လေးကိုင်ထားတဲ့နားက အပြာရောင်အလင်းတန်းလေးထွက်နေတာကိုပဲ ။

ကာတာရှီတို့အဖွဲ့လဲ  မျောက်လူအား ဝိုင်းဝန်းတိုက်ခိုက်ရာ မနိုင်ပဲ ဖြစ်နေကြသည် ။ နှစ်ဖက်လုံး ထိခိုက်ထားကြပြီး  တယောက်ကိုတယောက် အကဲခတ်ကြည့်နေကြသည် ။

" ခေါင်းဆောင် ခေါင်းဆောင်... အဆင်ပြေကြရဲ့လား.. ကျမ  ကျောက်တုံးကို ပြန်ရထားပြီးပြီ.. ဒီလူကို စစ်ဆေးပြီးတာနဲ့ အဲ့ဘက်ကို ပြန်လာခဲ့မယ်.."

ချစ်သောဗီလိန်လေး 2  (Ongoing)Where stories live. Discover now