အပိုင်း ၁

1.5K 169 19
                                    

Unicode

" ဘာလို့ ကျွန်မကို အာ့လိုဝိုင်းကြည့်နေတာ.. အာ့​ေလာက်လဲအချိန်ကြာမသွားဘူးထင်ပါတယ်.."

" ဝေ့ဝေ့ မြေးလေး လာ လာ ဘွားဘွားက သမီးကိုစောင့်နေတာ.. ဝေ့ဝေ့ အကြိုက်တွေချည်းပဲချက်ထားတာ လာ မြည်းစမ်းကြည့်ပါဦး "

" ဟုတ် ဘွားဘွား.. "

ပိုင်ဝေ့ရှင်း စားပွဲထိပ်ဆုံးအထိသွား၍ ပိုင်ဘွားဘွားရဲ့ ညာဘက်ထိပ်ဆုံးက သူမရဲ့နေရာမှာ ဝင်ထိုင်လိုက်သည်။ ဘယ်ဘက်အခြမ်းမှာ သူမရဲ့ဖခင်နဲ့နောက်အိမ်ထောင်သားအမိ ထိုင်နေကြတယ်။ ညာဘက်မှာတော့ သူမတယောက်ထဲသီးသန့်ပေါ့ ။ ပိုင်ဝေ့ရှင်းရဲ့အ​မေက လွန်ခဲ့သော ၁၈နှစ်ခန့်က ရထားမတော်တဆမှုတခုဖြင့် ကွယ်လွန်သွားခဲ့သည်။ အာ့တုန်းက သူမ့အသက်က၃နှစ်အရွယ်သာရှိသေးသည်။ သူမအမေ ဆုံးသွားပြီးမကြာခင်မှာပဲ နောက်အိမ်ထောင်ထပ်ပြုလိုက်သောကြောင့် သူမကို ဂရုမစိုက်ပစ်ထားခဲ့တယ်။
ထိုအချိန်မှစ၍ အဘွားဖြစ်သူမှ အခုအချိန်ထိ သူမကိုစောင့်ရှောက်ကျွေးမွေးလာခဲ့တာ။ သူမသေသွားတုန်းကလဲ ပိုင်ဘွားဘွားက အိပ်ရာထဲလဲပြီးမထနိုင်တော့ရာက အသက်ဆုံးပါးသွားခဲ့ရသည်။ သူမရဲ့အဖေဆိုသူကလဲ လူကောင်းတယောက်တော့မဟုတ်ချေ။ သူမ သေဆုံးသွားရတဲ့အကြောင်းအရင်းတွေက တခုပင်။ သူမ အရွယ်မရောက်ခင်ထဲက ဖခင်နဲ့သားသမီးကြားက သံယောဇဥ်အား သူမ့ဘက်က လုံးဝဖြတ်တောက်ထားခဲ့ပြီးမရှိတဲ့လူတစ်ယောက်လို သဘောထားနေခဲ့သည်။ သို့သော် မိဘနဲ့သားသမီးကြားက သွေးသာဆက်နွယ်မှုကတော့မပျောက်ပျက်နိုင်ချေ။ တခုခုဆို သူမလေးရဲ့အားနည်းချက်က သူမ့အဖေဖြစ်နေခဲ့ပြန်သည်။
ပိုင်ဝေ့ရှင်း မူလကိုယ်အတွက် အစွမ်းကုန်ကူညီသွားမယ်လို့ဆုံးဖြတ်လိုက်သည်။
ပိုင်ဘွားဘွား၏အချစ်တွေက သူမအပေါ် အတော်ကို ပိုလျှံလွန်းသည်။ အရင်ဘဝကိုတောင်သတိရသွားမိတယ်။ သူ့မိဘတွေရော သူမကို အရမ်းပဲသတိရနေမှာပဲလားလို့ပေါ့။

" မြေးလေး.. ဘာတွေစဥ်းစားနေတာလဲ...အရသာမကောင်းလို့လား..."

" မဟုတ်ပါဘူး... ဘွားဘွားရဲ့.. သမီး ကိစ္စလေးတခုရှိလို့ တွေးမိနေတာပါ.. "

ချစ်သောဗီလိန်လေး 2  (Ongoing)Where stories live. Discover now