အပိုင်း ၉

1K 151 117
                                    

Unicode

  ပိုင်ဝေ့ရှင်းနဲ့ရိုစလီတို့ ညက စကားပြောရင်း.. အိပ်ချိန်နောက်ကျသော်လည်း... မနက် ၉နာရီခန့်အချိန်လောက်တွင် နှစ်ယောက်လုံး ပြိုင်တူနိုးလာကြသည် ။ မနက်ခင်း  တကိုယ်ရေသန့်ရှင်းမှုပြင်ဆင်ပြီးနောက်... မနက်စာစားရန် နှစ်ယောက်သားအတူ အောက်ထပ်သို့ ဆင်းလိုက်ကြသည် ။ ထမင်းစားခန်းထဲတွင် တအိမ်သားလုံး စုံလင်စွာဖြင့်... မနက်စာ စားနေကြတာကို တွေ့လိုက်ရတယ် ။  ပိုင်ဝေ့ရှင်း  အဘွားဖြစ်သူအား  ဖက်နမ်းကာနှုတ်ဆက်လိုက်ပြီး...  သူမရဲ့နေရာကို ဝင်ထိုင်လိုက်တယ် ။ ရိုစလီကိုလဲ သူရဲ့ဘေးနားမှာပဲ ထိုင်ခိုင်းလိုက်သည် ။ ပိုင်ချန်းနဲ့ကျန်တဲ့နှစ်ယောက်  ရိုစလီကိုအကဲခပ်သလို ကြည့်နေတာတွေ့လိုက်ရပေမဲ့    မိတ်ဆက်ပေးချင်စိတ်မရှိသဖြင့်.. ဒီအတိုင်းပဲ နေလိုက်သည် ။

   " ဘွားဘွား   သမီး ဒီနေ့ ကျောင်းကိစ္စအတွက် ထပ်သွားဖို့ စီစဥ်ထားသေးတယ်.. ပြီးတော့  ရိုစလီကလဲ ဝယ်စရာလေးတွေရှိတယ်ပြောလို့  သမီးနဲ့အတူ ကုန်တိုက်ကိုခေါ်သွားမလို့.... အဲ့ဒါ ခွင့်ပြုပေးဦးနော်.. ဘွားဘွား.... ''

  "  မြေးလေး သဘောပါ... ရိုစလီရော ညက အိပ်ရတာအဆင်ပြေရဲ့လား... ဝေ့ဝေ့က  အအိပ်အရမ်းကြမ်းတာ... သမီးကို အနှောက်အယှက်ပေးမိမှာပဲ....  ''

  " မဖြစ်ပါဘူး.. ဘွားဘွား...   ဝေ့ဝေ့က  အဲ့လောက်လဲ မကြမ်းပါဘူး...  တချက်တချက် ကန်ရုံလေးပါပဲ... .''

  "  ရိုစလီ  .... နင်နော် ပေါက်ကရတွေမပြောနဲ့...  မနက်စာစားပြီးရင် ချိန်းထားတာသွားမယ်... ပြီးရင် ငါတို့ကိစ္စအတွက် ပြင်ဆင်ဖို့လဲ လုပ်ရဦးမယ်လေ.. ''

  " အင်း  စားသောက်ပြီးရင်သွားကြတာပေါ့... ငါလဲ တိုက်ခန်းကိုပြန်ပြီး အဝတ်အစားလဲ ယူစရာရှိတာယူလို့ရအောင်လို့... ''

" အင်း.. ဒါဆိုလဲ မြန်မြန်စားကြစို့... ''

" ပိုင်ဝေ့ရှင်း...  နင် ငါတို့ကိုရော  မျက်စိထဲ ထည့်သေးရဲ့လား..  ''

" စိတ်ကိုမဝင်စားတာ.. မြင်ကိုမမြင်တာ... ''

" ဘာ!!! ... နင် တစိမ်းရှေ့မှာ မိဘကိုဘယ်လိုပြန်ပြောလိုက်တာလဲဟမ်...ငါတို့ကို  ဧည့်သည်နဲ့ မိတ်တောင်မဆက်ပေးဘူး... မိဘကို မိတ်ဆက်ပေးစရာမလိုဘူးဆိုတဲ့သဘောလား ... ''

ချစ်သောဗီလိန်လေး 2  (Ongoing)Where stories live. Discover now