ကျွန်‌ေ‌တာ်အရှုပ်ထုတ်လေး

104 13 0
                                    

လူလောကဆိုတာအရမ်းကို ရှုပ်ထွေးလွန်းတယ် ။ ဒါပေမဲ့လည်း အဲ့လိုရှုပ်‌ေထွးလွန်းနေတဲ့ လောကကြီးကိုလူတွေက သံသရာလည်စွာဖြင့် လည်ပတ်နေထိုင်ကြတာပေါ့ ။ အဲ့အထဲမှာ ကျွန်တော်ကိုယ်တိုင်လည်း ပါတာပေါ့ ။ ဟုတ်ကဲ့အားလုံးပဲ ကျွန်တော်နာမည်က Jeon jungkookပါ ။

ကျွန်တော်ရဲ့ပျင်းစရာကောင်းတဲ့ စိတ်ပျက်စရာကောင်းတဲ့ ဘဝထဲကိုခွင့်ပြုချက်လည်း မရှိဘဲနဲ့
ဝင်လာခဲ့တဲ့ အရှုပ်လေးတစ်‌ယောက်နဲ့ အတူနေထိုင်ပါတယ် ။ ကျွန်တော်နဲ့ အရှုပ်ထုတ်လေးတို့ တွေ့ဆံုခဲ့တာကို ပြောပြပါ့မယ် ။

"ဟူးစိတ်ရှုပ်စရာကြီးပါကွာ လူ့လောကကြီ "

ကျွန်တော်ငြီးတွားရင်း အိမ်ကိုပြန်လာစဉ် လမ်းတစ်လျှောက်မှာပေါ့ ။

" ဟင့် အဟင့် ဟင့် "

"ဘာလည်းဟ ဘယ်ကကလေးငိုနေတာလည်း "

ငိုသံလေးကို ကြားတော့ကျွန်တော်တစ်ယောက် ထိုအသံကြားရတဲ့နေရာကို သွားကြည့်တာပေါ့ ။
သိပ်မကြာပါ  လမ်းကြားလေးထောင့်အစွန်းနားမှာ မီးရောင်မှိန်မှိန်လေး ဆိုပေမဲ့အဲ့အရှုပ်ထုတ်လေးရဲ့ အသားအရည်ဖြူချက်ဗျာ သူကိုကွင်းကွင်းကွတ်ကွတ်ကိုမြင်ရတာပေါ့ ။

"ဟိတ်ကောင်လေး မင်းဒီမှာဘာလို့ ထိုင်ပြီးငိုနေတာလည်း မင်းအိမ်မင်းမပြန်ဘူးလား "

"ဟင့် ကို ကိုကို Gigiကို မထားခဲ့ပါနဲ့နော် ဟင့် Gigi ဟင့် ကြောက်တယ် သူတို့ကိုကြောက်တယ် အဟင့် "

ကြောက်တယ်လို့သာ ပြောပြီး ကျွန်တော်အားအတင်းရောကာ ဖက်ပြီးပြောတော့ ကျွန်တော်လည်း ကြောင်အသွားတာပေါ့။  ပြီးနောက်

"ဟိတ်ကောင်လေး မင်းရဲ့ကိုကိုမဟုတ်ဘူး ကဲလာမင်းအိမ်ကိုပြော ငါလိုက်ပို့ပေးမယ် လာသွားမယ် "

"ဟင့် ဟင့်အင်း Gigiမသွားဘူး ဟင့် ဟင့် မေ‌ မေမေလေးက ဟင့် Gigiကို သတ်မှာ ဟင့် သတ်ပစ်မှာ အီးဟီးကိုကိုရယ် Gigiလေ ကိုကိုခိုင်းတာကို အကုန်လုပ်ပေးပါ့မယ်နော် ဟင့် Gigiကိုတော့ အိမ်ကိုပြန်မပို့ပါနဲ့ Gigi ကြောက် ကြောက်လိုပါ ။ ဟင့် "

ပြောရင်းငိုရင်း ‌လုပ်နေပါသော အရှုပ်ထုတ်လေးကြောင့် ကျွန်တော်လည်း တစ်ချက်စဉ်းစားမိသွားတယ် ။ ပြီးတော့တစ်ချိန်ထဲမှာ အရှုပ်ထုတ်လေးရဲ့ လက်မှာကြိုတုတ်ရာတွေ ပြီးတော့သေချာကြည့်မှ့ ပါးမှာလက်ဝါးအရာရဲရဲကြီးရယ် ခြေသလုံးမှာ အင်းသေချာအောင်ပြောပါဆိုရင် ခါးပတ်နဲ့အရိုက်ခံထားလို့ သွေးစို့နေတဲ့ ဒဏ်ရာကြောင့် ကျွန်တော်လည်း တွေးမိသွားတယ်လေ ။

Yoonkook three shot collection ✓Where stories live. Discover now