ဇာတ်သိမ်းပိုင်း

Start from the beginning
                                    

"ဆရာတို့နှစ်ယောက်ကတော်တော်ရင်းနှီးတယ်ထင်တယ်နော်"

"ဟုတ်တယ်ဗျ ငယ်ပေါင်းလည်းဖြစ်တာရော ပြီးတော့..."

အတွေးထဲဝင်ရောက်လာတဲ့ စကားတစ်ခွန်း "မင်းက ငါ့အတွက် အနှိုင်းအဆမဲ့တယ် ချစ်ငယ်  ချစ်တယ်ဆိုတာထက် အများကြီးသာတယ်" ။ဟုတ်တာပေါ့ လွမ်းစေသော်က ကျွန်တော် ချစ်ရတဲ့လူ။

"လွမ်းစေသော်က ကျွန်တော့် ချစ်သူလည်း ဖြစ်ဆိုတော့ တော်တော်ရင်းနှီးတယ်"

"ရှင်"

ကျွန်တော့်စကားအဆုံး ကြောင်အသွားတဲ့ ဆရာမဖြစ်သူကို ခေါင်းတစ်ချက်ငြိမ့်ပြကာ ခပ်အေးအေးလေးပြုံးပြရင်း နှုတ်ဆက်ကာ ထွက်လာခဲ့လိုက်တော့သည်။ လွမ်းစေသော်ဟာ ကျွန်တော့်ချစ်သူဖြစ်ကြောင်း ဖုံးကွယ်စရာမှမလိုပဲလေ။ ကျွန်တော်ဟာ ပတ်ဝန်းကျင်အတွက် အသက်ရှင်နေတာမှမဟုတ်ပဲ။လွမ်းစေသော်အတွက် အသက်ရှင်နေတာ။ဒီတော့ ပတ်ဝန်းကျင်အမြင်က အရေးကြီးမတဲ့လား။

"အာ...အေးတယ်ကွာ"

အိမ်ရောက်ကာ ရေမိုးချိုးရင်း ချမ်းစိမ့်စိမ့်ရာသီဥတုနဲ့ ကုတင်ပေါ်က စောင်ပါးပါးလေးက ဥတုဒဏ်မခံနိုင်တော့ ကုတင်အောက်က သံသေတ္တာစိမ်းကြီးကိုဆွဲထုတ်ကာ အထူးအပါးမျိုးစုံထည့်ထားတဲ့ စောင်တွေကြား နွေးနိုင်မဲ့ စောင်တစ်ထည်ကို မွှေထုတ်ယူရင်း သံသေတ္တာ က ဖုန်အနည်းငယ် ပေနေတော့ အဝတ်စုတ်နဲ့ သန့်ရှင်းကာ တံမြတ်စည်းတစ်ချောင်းကိုယူရင်း ကုတင်အောက်ကို လှည်းကျင်းလိုက်လျှင်
အရာဝတ္ထုတစ်ခုကို တွေ့ရလိမ့်မည်။ယွန်းသေတ္တာအသေးစားလေးတစ်ခု။ဘာရယ်မဟုတ် တံမြတ်စည်းကို လွှတ်ချကာ ယွန်းသေတ္တာလေးကို ဖွင့်ကြည့်မိတော့ ကျွန်တော့် ပါးစပ်ပင် အနည်းငယ်ပွင့်ဟသွားတော့သည်။ဒါတွေက...။

ကျွန်တော့်လက်မှတ်ပါတဲ့ စာရွက်​လေးတစ်ရွက်ရယ်  ကျွန်တော့်လက်ရေးပေါင်းမျိုးစုံပါတဲ့ စာရွက်လေးတွေရယ်။နွမ်းပါးနေတဲ့ ၁ထောင်တန်နဲ့၅၀၀တန်အရွက်ရယ် ဒါ့အပြင် memorie card တွေရယ်။ ကျွန်တော် တစ်ခုချင်းဆီကို အသာအယာထိတွေ့မိရင်း တုန်ရီလာတဲ့ ကျွန်တော့်လက်တွေ။ဒါတွေကိုမှတ်မိတာပေါ့။ အတင်းကာရော နာမည်တပ်ခိုင်းခဲ့တာတွေ လက်မှတ်ထိုးခိုင်းခဲ့တာတွေ။ဘောလုံးပွဲလောင်းတုန်းက ကျွန်တော်ရှုံးလို့ပေးခဲ့တဲ့ ပိုက်ဆံ ၁၅၀၀။ဒါတွေကိုလွမ်းစေသော် သိမ်းထားခဲ့တာလား။

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now