ဦးငယ် ( end )

Start from the beginning
                                    

"ဟော်အဖေသားလေးတွေတောင် လာကြပြီကိုလာလာဒီမှာလာထိုင်ကြလာ လာ "

ဆိုကာခေါ်လေတော့ ကျွန်တော်နဲ့ငယ်ရော ပြီးတော့တူလေးတို့လင်မယားပါ အတူဝင်ထိုင်းရင် ရိုးရာအတိုင်းကန်တော့ကြတာပေါ့ ။

"အဖေသတင်းတွေ ကြားထားတာထက်တောင် ငါ့သားမက်လေးက အချောအလှ‌လေးပဲ ဟမ်
ကြည့်ပါအုံး ပြီးတော့မြေးချွေိးမလေးရောပဲ "

ဆိုကာပြောလေတော့ ကျွန်တော်လည်းရီမိတာပေါ့ ။

"အာရီဂူးချစ်စရာလေးပဲကွယ် အင်းဒါဆိုရင်တော့ သားလေးက ဆုံးဖြတ်ပြီးသွားပြီပေါ့လေ ဟုတ်လားအဖေနဲ့ဒီမှာပဲ နေတော့မယ်ဆိုတာကိုလေ "

လို့ဆို‌လေတော့ ဦးငယ်ကခေါင်းငြိမ့်ပြလေရဲ့ ။
ပြီးနောက်အဖေကအလုပ်ကိတ်စ ပေါ်လာတော့ အပြင်ကိုထွက်သွားလေရဲ့ ။ အဲ့တော့အိမ်ထဲမှာ‌ေတာ့
ကျွန်တော်တို့နဲ့ တူလေးတို့သာကျန်ခဲ့တာပေါ့ ။

"ဒါဆိုရင် အသက်တူတူပဲဆိုတော့ ဘယ်လိုအခေါ်အဝေါတွေနဲ့ ပြောင်းလဲခေါ်ရမှာလည်း ဦးငယ် "

ဆိုပြီးမေးလာသော တူလေးကြောင့် ဦးငယ်က

"အသက်တူတာကတော့ တူတာပဲငါ့တူလေး ဒါပေမဲ့
ဝါအရတော့ ဦးငယ်ရဲ့အမျိုးသားဆိုတော့ ဦးငယ်လို့ပဲခေါ်ပေါ့ ။ ပြီးတော့ရိုင်းရိုင်းစိုင်းစိုင်းလည်း
မဆက်ဆံရဘူးဟုတ်ပြီလား "

ဆိုကာပြော‌ပြီး ဦးငယ်က

"ကလေးလေး ဦးငယ်မီးဖိုချောင်ထဲကို ဝင်လိုက်အုံးမယ်နော် ကလေ‌း‌ေလးတို့စားဖို့တစ်ခုခု ချက်လိုက်အုံးမယ် "

ဆိုကာပြောလေပြီးနောက် မီးဖိုချောင်ထဲကို ဝင်သွားတာပေါ့ ။ အဲ့နောက်တော့

"ဟက်မင်းက အခုတော့ငါ့ရဲ့ဦးလေး‌တစ်ယောက် ဖြစ်သွားပြီပေါ့ "

ဆိုကာပြောလေတော့ ကျွန်တော်လည်း

"ဒါပေါ့ငါ့တူလေးရဲ့ မင်းရဲ့‌ဦးလေးတစ်ယောက်
ဖြစ်သွားပြီး ပြီးတော့ဦးငယ် ပြောတာကိုလည်း ရှင်းရှင်းလင်းလင်း ကြားလိုက်ပါတယ်နော်
ရိုရိုသေသေပြော ရိုင်းရိုင်းစိုင်းစိုင်းပြောရင်
ငါ့တူလေးအဆူခံရမှာ စိုးလို့ပြောတာနော် ။
အော်ပြီးတော့ တူမလေးလည်းပါတယ်နော် ။ "

Yoonkook three shot collection ✓Where stories live. Discover now