အစတွင်တော့ သူသည်မိမိအားတောအုံခြုံကြားနေရာတစ်ခုလို အမှိုက်များစုပုံနေသည့်နံစော်ကာညစ်ပတ်နေသောလမ်းကြားဆီထပ်မံခေါ်ဆောင်သွားမည်ဟု ထင်ထားခဲ့သည်။အံ့အားသင့်လောက်အောင်ပင် အချိန်အတော်ကြာလျှောက်လာခဲ့ပြီးချိန်မှာတော့ မိမိတို့၏ဦးတည်ရာသည်မိမိစိတ်ကူးထားသည်နှင့် တက်တက်စင်အောင်လွဲနေ‌ေလသည်။

  လက်ရှိသည်နွေဦးရာသီဖြစ်ပြီး ရာသီပန်းများပွင့်လန်းချိန်ဖြစ်သည်။မိမိမှာ မျိုးကွဲနှင့်အမည်များကိုမသိပါချေ။သို့သော်ငြား ထိုပန်းများမှာလူသွားလမ်းများ၊လမ်းကြားများနှင့် ပန်းခြံများတစ်လျှောက်တွင် အမျိုးအစားပေါင်းစုံရှိနေလေသည်။သူတို့တွေသည် တိုတောင်းလှသောရာသီသက်တမ်းအတွင်းဝယ် အချင်းချင်းကြားပေါ်လွင်ထင်ရှားစေရန်အလို့ငှာ ခက်ခက်ခဲခဲကြိုးပမ်းနေရသည်။

  အနီးနားတွင်ကောလိပ်တစ်ခုရှိနေပြီး မြောက်များစွာသောစုံတွဲများမှာ ဓာတ်ပုံလာရိုက်ရန် ထိုပန်းတို့၏သွေးဆောင်မှုအားခံနေကြရသည်။ဘယ်‌ေရာညာတွင်ပါ ပွင့်လန်းနေသောမက်မွန်ပင်များရှိနေလေသည်။လေညှင်းလေးတိုက်ခတ်ချိန်တွင်တော့ ပွင့်ချပ်များသည် ခြေကျင်လျှောက်နေသူများဆီညင်သာစွာကျဆင်းသွားပေလိမ့်မည်။

  ဟွမ်ဇီဝမ်သည်ဦးတည်ရာတစ်ခုထံညွှန်ပြလာသည်။မိမိသည်သူ့လက်‌ေချာင်းအတိုင်းလိုက်ကြည့်ရာ မက်မွန်ပွင့်လူသွားလမ်း၏အလယ်ရှိကောလိပ်ပန်းဆိုင်တစ်ခုကိုသတိပြုမိလိုက်သည်။

  လူတစ်ဦးချင်းဆီတိုင်းသည် ပန်းစည်းတစ်စည်းကိုင်ကာဆိုင်လေးမှ ထွက်လာကြသည်။သူတို့မျက်နှာများသည် ပျော်ရွှင်မှုဖြင့် တောက်ပစွာပြုံးနေကြပြီး စိတ်ကျေနပ်နေသောအပြုံးများမှာ အားလုံးသောသူတို့၏မျက်နှာပေါ်တွင်ရှိနေကြသည်။သူတို့ကသူတို့အချစ်ကိုဝန်ခံကြတော့မလို့လား။ဒါမှမဟုတ် သူတို့ကဝန်ခံတာခံလိုက်ရတာလား။အမှန်တိုင်းဆိုလျှင်မိမိမှာ ချိုမြိန်ကြော့ရှင်းသည့်ဤနေရာနှင့် စိတ္တဇအရူးကောင်ကြားဆက်သွယ်မှုကိုမမြင်နိုင်ပါပေ။

  "သူကဒီမှာဆိုတာ နင်သေချာရဲ့လား"

  သူသည်ယုံကြည်မှုအပြည့်ဖြင့်ခေါင်းငြိမ့်လာသည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်حيث تعيش القصص. اكتشف الآن