မာမီကမေးတော့

"ယောက်ျားလေးပဲ ဒီလောက်တော့ လုပ်တတ်တာပေါ့ မာမီကလည်း "

Jin Hyung ရဲ့ စကားကြောင့် ကျွန်တော်ရယ်လိုက်သည်။

"Hyung ~"
"Yoongi hyung "

အော်သံကြားလို့ကြည့်လိုက်တော့ Jiminnie နဲ့ Tae လေးပင်။

"သားတို့ လာပြီလား "

Tae တို့ကို ဝမ်းသာအားရ မေးနေသော မာမီကြောင့် ရယ်လိုက်သည်။ မာမီက Jiminnie တို့နဲ့ အဖွဲ့ကျနေတာ ကြာပြီလေ။

"Kim TaeHyung ~Jungkook က ဘယ်သွားလို့ အိမ်ရောက်လာပြန်တာလဲ "

Jin Hyung ရဲ့ အမေးကြောင့် နှာခေါင်းရှုံ့ပြကာ

"ဘယ်မှ မသွားဘူးနော် ~သူနဲ့ လည်ဖို့ပြောတာတောင် ကျွန်တော်က တူလေးကိုတွေ့ချင်လို့ ငြင်းလိုက်တာ "

ပြောပြီး ကျွန်တော့်ဘက်ကို လှည့်လာကာ

"ရော့ ~hyung ~hyung ပြောတဲ့ ကိတ်မုန့် "

လက်ထဲကို ကိတ်မုန့်ထည့်ကာ ပြောလာတာကြောင့်

"ကောင်းကောင်းစားပါ့မယ် "

ကျွန်တော် ဝမ်းသာအားရပြောကာ လှမ်းယူလိုက်သည်။

"လာ အထဲဝင်ကြချည် အန်တီ မုန့်လုပ်ထားတယ် "

မာမီရဲ့စကား အဆုံးမှာ အရောင်တောက်သွားတဲ့ Tae လေးရဲ့ မျက်လုံးလေးတွေကိုမြင်လိုက်မိပါသေးသည်။ ကျွန်တော်နည်းတူ တွေ့လိုက်တဲ့ Jiminnie ကလည်း ရယ်ပြီးတော့ ခေါင်းခါပြသည်။

"Kim TaeHyung ~ငါ့ညီလေးကို အနိုင်ကျင့်မနေနဲ့ "

အိမ်ထဲဝင်ခါနီးကို Jin Hyung က လှမ်းစနေသေးတာကြောင့် ကျွန်တော်လှည့်ကြည့်လိုက်တော့ အော်ရယ်ရင်း ကျန်နေခဲ့သည်။

~~~~~~~

ကျွန်တော့်ကို ရှေ့ထားကာ နှစ်ယောက်တည်း gameပြိုင်နေကြတဲ့ Tae နှင့် Jiminnie ကြောင့် နှုတ်ခမ်းက အလိုလိုနေရင်း စူချင်လာသည်။ Tae အိမ်နဲ့နီးတာကို အကြောင်းပြကာ ကျွန်တော်ဆီနေ့တိုင်းလာနေတဲ့ အရှုပ်ထုပ်လေး နှစ်ယောက်။

သူတို့ကို ကြည့်နေရာကနေ အသံကြားလို့ကြည့်လိုက်တော့ မာမီက ကွတ်ကီးဗန်းယူကာ ရောက်လာတာကြောင့် ထမလို့လုပ်တော့ သူမကို လက်ကာပြကာ ပြန်ထိုင်ခိုင်းသည်။

Without You (Completed)Onde histórias criam vida. Descubra agora