Part - 17

211 34 1
                                    

(Unicode)

အိပ်ရာကနိုးနိုးချင်း အောက်ထပ်ကို ဆင်းလာတော့ Holly ကို အစာထိုင်ကျွေးရင်း အဒေါ်ကြီးနဲ့ စကားပြောနေတဲ့ ကောင်ငယ်လေးကို တွေ့မိသည်။ ဘာတွေကို သဘောကျနေတယ်မသိ တစ်ခါတစ်ခါဆို မျက်လုံးလေးတွေ ပိတ်သွားတဲ့အထိ ရယ်နေသေးသည်။

"နိုးပြီလား သခင်လေး"

ကျွန်တော့်ကို မြင်တော့ နှုတ်ဆက်နေတဲ့ အဒေါ်ကြီးကို ပြုံးပြကာ

"Morning ကလေး ~"

ကျွန်တော့်ရဲ့ ကလေးဟူသော ခေါ်သံကို မသိချင်ယောင်ဆောင်ပြီး ခွေးစာကိုသာငုံ့ကျွေးနေသော ကောင်လေးကြောင့် ပြုံးလိုက်မိသည်။ ဟိုတနေ့က စာမေးပွဲတွေနီးနေပြီးဖြစ်တာကြောင့် အချိန်ပိုင်းအလုပ်တွေ ရပ်ခိုင်းထားတာကို မကျေနပ်လို့ အသံတိတ် ဆန္ဒပြနေတာပင်။

"ဟုတ် ဒေါ်ကြီး ရောက်နေတာကြာပြီလား "

ရေသောက်ရင်း အဒေါ်ကြီးနဲ့ စကားပြောနေတဲ့ ကျွန်တော် လှမ်းကြည့်ပြီး ချက်ချင်း ခေါင်းကိုပြန်ငုံလိုက်တဲ့ ကောင်လေးကို မျက်စိထောင့်ကနေ တွေ့လိုက်ပါသေးသည်။

"ကြာပြီ အခု အကိုလေးနဲ့ စကားပြောနေကြတာ ~သခင်လေးကို စိတ်ကောက်နေတာထင်တယ် "

အနားနားကပ်ပြောတဲ့ အဒေါ်ကြီးစကားကြောင့် ကျွန်တော်ရယ်လိုက်ကာ

"ကောင်လေးတစ်ယောက် သူ့ကိုအလုပ်ထွက်ခိုင်းလို့ စိတ်ကောက်နေတာ အဒေါ်ကြီးရယ် ~ သိပ်ဆိုးတဲ့ ကလေး"

ပြောပြီး ငုတ်တုပ်လေးထိုင်နေတဲ့ သူ့ဆံပင်လေးတွေကို ဖွလိုက်တော့ သူ့လက်ကလေးတွေနဲ့ ပွသွားတဲ့ ဆံပင်လေးတွေကို ပြန်သပ်ကာ

"ဘယ်သူက စိတ်ကောက်လို့လဲ"

"ကလေးလေ "

"ကျွန်တော်က ဘယ်မှာ စိတ်ကောက်လို့လဲ"

"အခုကောက်နေတာပဲ "

ကျွန်တော့်စကားကို ချစ်စရာကောင်းအောင် နှာခေါင်းရှုံပြလာတဲ့ ထိုကောင်ငယ်လေးကြောင့် ကိုယ့်မှာ အသည်းတွေတယားယားနဲ့။ အဒေါ်ကြီးကတော့ ရယ်ပြီး အပြင်ဘက်ထွက်သွားသည်။

Without You (Completed)Where stories live. Discover now