(Unicode)
Yoonji လေး ဆေးရုံတက်နေတာ လေးရက်လောက်ကြာတော့ ဆင်းသည်...။ ဆေးရုံစရိတ်သွားရှင်းတော့ အခမဲ့ကုသပေးသည်တဲ့...။ စိတ်ထဲမှာ အလိုမကျတာမို့ ဘေးနားမှာထိုင်နေတဲ့ Tae ကို လှမ်းပြောလိုက်သည်...။
"Tae~~"
Tae ကို လှမ်းခေါ်တော့ သူကမေးဆတ်ပြ၏။
"ဆေးရုံစရိတ်~မင်းတို့ရှင်းသွားတာလား"
သူ့ကခေါင်းခါပြပြီး မေးလာသည်...။
"မဟုတ်ပါဘူး~ဘာလို့လဲ"
"အခမဲ့တဲ့"
"အခမဲ့~~"
သူကလည်း အံသြသလိုပြောတာကြောင့် ခေါင်းညိမ့်ပြပြီး ထောက်ခံလိုက်သည်...။
Tae လည်း Yoongi ပြောတဲ့ ဆေးရုံစရိတ်အခမဲ့ဆိုတာကို စဉ်းစားမိသည်...။ သူတို့သွင်းခဲ့တာက နှစ်ရက်စာသာမို့ သေချာပေါက်လိုမည်ကို ဖုန်းလည်းထပ်မဆက်ပါပဲ ဆေးရုံစရိတ်က အခမဲ့တဲ့လား...။ ဒီလောက်ကြီးတဲ့ဆေးရုံကြီးက အခမဲ့တော့မဖြစ်နိုင်...။
"Jiminnie က အတန်းထဲလာခဲ့တော့တဲ့"
စဉ်းစားနေရင်းကနေ အိတ်ထဲမှဖုန်းက မြည်လာတာကြောင့် ဖုန်းကိုယူနေစဉ် Yoongi Hyung ကလည်း သူ့ဖုန်းကို ထုတ်ကြည့်ကာ ပြောလာတာကြောင့် ခေါင်းညိမ့်ပြတော့ သူကထွက်သွားသည်...။
"ဟယ်လို~ဘယ်သူလဲ"
"ဘယ်သူ~~Jungkook "
ကြားဖူးသလိုရှိတာကြောင့် စဉ်းစားမိတော့မှာ ခေါင်းထဲပေါ်လာတာကို ရေရွတ်လိုက်မိသည်...။
"အော်~~ဟိုနှာဘူး!!"
~~~~~~~~
Tae က ဖုန်းပြောရင်းကျန်ခဲ့တာကြောင့် အတန်းထဲအရင်ဝင်လိုက်တော့ Jiminnie က သူ့အနားအတင်းခေါ်ကာ လက်ကိုဆွဲပြီး ထိုင်ခိုင်းစေသည်...။
"Tae Tae ရော~~"
"နောက်မှာပါတယ်... ဘာလို့လဲ"
"ကျောင်းက လေ့လာရေးခရီးသွားမယ်တဲ့... လိုက်ခဲ့ပါ့လား"
ကျောင်းကခရီး...ကျွန်တော်ခေါင်းခါပြလိုက်၏။
"တော်ပြီ ~မလိုက်တော့ဘူး Jiminnie ရဲ့... Hyung မှ မအားတာ"
YOU ARE READING
Without You (Completed)
Fanfictionမင်းမပါတဲ့ငါ့ဘဝက အသက်မဲ့လွန်းတယ် Yoon~ ကျွန်တော်က အကို့ရဲ့တောင်ပံတစ်စုံဖြစ်ပေးမှာပါ~ A YoonJin story by AchanN