Part - 19

238 33 2
                                    

(Unicode)

ထမင်းစားနေရင်းကနေ ကလေးကို လှမ်းကြည့်မိသည်။ တနေ့တခြားဖြူဖျော့လာတဲ့ ကောင်ငယ်လေးက စက္ကူရွက်သာသာတာ ရှိတော့သည်။ စာမေးပွဲတွင်းမို့ အားနည်းနေတာမှတ်ပြီး အားဆေးသွင်းပေးပေမယ့် အခုထက်ထိ ပြန်ပြီး ပုံမှန်ဖြစ်မလာ။ ဒီနေ့လည်း projectတွေအတွက် ကျောင်းကိုသွားရအုံးမည်။ ဖြစ်နိုင်ရင် ကျောင်းမသွားခိုင်းချင်ပေမယ့်  ကျွန်တော့်ကလေးငယ်က ပညာသင်ဆုရထားသော လူတော်လေးဖြစ်နေတာကြောင့် မသွားပဲနေလို့မရ။

"ကလေး နေကောင်းရဲ့လား "

ထမင်းကို တို့ကနန်း ဆိတ်ကနန်းစားနေတဲ့ ကလေးငယ်ကြောင့် မေးလိုက်တော့ ခေါင်းသာငြိမ့်ပြသည်။

"ဘာ တစ်ခုခုစားချင်တာမျိုးရှိလဲ ကိုယ်လုပ်ကျွေးမယ် ဒါမှမဟုတ်လည်း ဒေါ်ကြီးကို လုပ်ခိုင်းပေးမယ်လေ "

"တော်ပြီ Jin Hyung  ကျွန်တော် နေကောင်းပါတယ် "

နေကောင်းပါတယ်သာ ပြောနေပေမယ့် ကလေးငယ်ကြည့်ရတာ အားကိုမရဘူ။ နောက်ရက်ကျမှ ဆေးရုံသွားပြမှာပါ။ ကလေးငယ်က ပေတယ်။

~~~~~~~

"ဝေါ့ ~ အဟွတ် ~အဟွတ် "

အိမ်သာတံခါးကိုပိတ်ကာ အန်ချပြီးနောက် ဘေစင်ကမှန်ကိုကြည့်လိုက်မိသည်။ အရင်ကထက်ပိုပိန်သွားတဲ့ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်သာသိသည်။ ဆေးကုသတွေက အရင်ကထက်ပိုပြင်းလာတာကြောင့် ခံနိုင်ရည်က နည်းနည်းလေးတော့ နည်းချင်သည်။

ကျွန်တော်ပြုံးလိုက်သည်။ ဒါပေမယ့် ကျွန်တော်ပျော်ပါသည်။ Jin Hyung လိုချင်တဲ့ လက်ဆောင်လေးကို ပေးရတော့မယ်မလား။ သဘာဝကိုလွန်ဆန်တဲ့ ကုသမှုက ဒီလောက်တော့ခံရမှာပဲဆိုတာ နားလည်ပါသည်။

အင်္ကျီလဲကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။ စာမေးပွဲပြီးသွားပေမယ့် project ကိစ္စတွေရှိသေးတာကြောင့် ကျောင်းဘက်ကိုသွားရအုံးမည်။ ဖြစ်နိုင်ရင် ကျွန်တော်မြန်မြန်ပြီးချင်သည်။ တကယ်လို့ ကလေးလေးသာရှိလာခဲ့ရင် သွားရလာရ လုပ်ရကိုင်ရတာ ခက်ခဲတော့မည်လေ။

အောက်ထပ်ကိုဆင်းတော့ ဧည့်ခန်းမှာထိုင်စောင့်နေတဲ့ Jin Hyung ကြောင့် နှစ်နှစ်ကာကာပြုံးလိုက်သည်။ ဒီလမ်းကို သတ္တိရှိရှိလျှောက်ခဲ့မိတာကို လုံးဝနောင်တမရပါ။ Jin Hyung ရဲ့ အချစ်တွေက ကျွန်တော့်ကို လွှမ်းခြုံပေးထားတာကြောင့် ကျွန်တော်ပျော်ရွှင်ပါသည်။

Without You (Completed)Where stories live. Discover now