(Unicode)
တဖြည်းဖြည်းမှောင်လာတဲ့ အခန်းကြောင့် Yoongi နေရတာ ပင်ပန်းလာသည်။ ဗိုက်ကိုလက်နဲ့စမ်းကြည့်တော့ နာကျင်မှုက သက်သာသွားလို့တော်သေးသည်။ ဒီကနေ ဘယ်လိုထွက်မလဲ မတ်တပ်ရပ်ကာ ရှာကြည့်တော့ အမြင့်မှာရှိတဲ့ ပြတင်ပေါက်ငယ်ကိုသာ တွေ့ရသည်။
ဒီချိန်ဆို Jin Hyung ဘယ်လောက်တောင် စိတ်ပူနေလိမ့်မလဲ။ Jin Hyung ~ကျွန်တော့်ကို လာခေါ်ပေးပါ ကျွန်တော်ကြောက်တယ်။
~ကျွီ ~
ခြံတံခါးဖွင့်သံကြားတာကြောင့် တံခါးနားကို သွားကာ
"ဦးလေး ~ဦးလေး ကျွန်တော့်ကို တံခါးဖွင့်ပေးပါ ~ဦးလေး ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကို တံခါးဖွင့်ပေးပါ "
တံခါးဖွင့်သံကြားလို့ ဝမ်းသာသွားပေမယ့် ဝင်လာတဲ့လူက ဦးလေးမဟုတ်ခဲ့ဘူး။
"ခင် ခင်ဗျား ဘယ်လို့လုပ်ပြီး ဒီကိုရောက်လာတာလဲ "
ကြောက်ပေမယ့် အသံကိုတင်းပြီး မေးလိုက်သည်။ ဒီလူကြီးကို ကျွန်တော်သိသည်။ ဦးလေးရဲ့သူငယ်ချင်းဆိုသော လူကြီး။ အရင်ကတည်းက မရိုးသားတာကြောင့် သူရှိရင်တောင် ဒေါ်လေးက အိမ်ကို သူပြန်မှ ပြန်လာခိုင်းခဲ့တာ။ ဦးလေးကို ဒီလောက်ထိ လုပ်ရက်မယ် မထင်ခဲ့ပေမယ့်~~
"ကိုယ့်ဘေဘီလေး မတွေ့တာကြာတော့ ပိုချစ်စရာကောင်းလာတာပါလား "
အခန်းပေါက်ကနေ ဝင်လာသော ထိုသူကြောင့် အနောက်ကိုဆုတ်လိုက်မိသည်။
"ဖယ်စမ်းပါ ~ ကျွန်တော့်ကို ဖယ်ပေး ! "
မကြိုက်ဘူး။ ထိုလူရဲ့ စကားတွေရော ထိုလူရဲ့ အကြည့်တွေရောကို တစက်မှမကြိုက်ဘူး။
"ဘာလို့ ဖယ်ပေးရမှာလဲ... ဘေဘီ့ဦးလေးက ကိုယ်ဆီမှာ ဘေဘီကိုရောင်းပြီးသွားပြီ "
တဖြည်းဖြည်းနောက်ဆုတ်ရင်း နောက်ဆုတ်ရင်း အနောက်မှာ နံရံသာကျန်တော့သည်။ ပါးပေါ်ကို လာရောက်ပွတ်သပ်လာတဲ့ ထိုလူကြီးရဲ့ လက်တစ်ဖက်ကြောင့် ပုတ်ထုတ်တော့ ထိုလူကြီးက ရယ်၏။
"ဘေဘီက အကြမ်းနည်းသွားချင်တာလား"
မေးပြီး လူကိုအောက်ကိုလှဲချလိုက်တာကြောင့် ခဏတာကြောင်သွားသည်။ ပြီးမှ သတိကပ်ကာ သူ့ကိုတွန်းထုတ်လိုက်သည်။ လူကောင်သေးတဲ့ ကျွန်တော်က ဘယ်လိုမှမတွန်းနိုင်တာကြောင့် ပါးကိုရိုက်လိုက်မိသည်။ သူ့ပါးကိုရိုက်ပြီးနောက် ရလာတာက ပါးပေါ်ကနာကျင်မှုအချို့။ သူ့အသားနာသွားလို့ ကျွန်တော့်ကို ပြန်ထိုးတာပင်။
YOU ARE READING
Without You (Completed)
Fanfictionမင်းမပါတဲ့ငါ့ဘဝက အသက်မဲ့လွန်းတယ် Yoon~ ကျွန်တော်က အကို့ရဲ့တောင်ပံတစ်စုံဖြစ်ပေးမှာပါ~ A YoonJin story by AchanN