"အွန့်~"

လက်မောင်းပေါ်ကနေ ခေါင်းအုံးပေါ်ပြောင်းပေးတဲ့အချိန် အင်းအဲသံထွက်လာပေမယ့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြန်သော ကောင်ငယ်လေးကိုကြည့်ရင်း ကျွန်တော်ပြုံးမိသည်...။ တကယ့် ကာလနဂါးအသေးစားလေး...။

မနက်အစောကြီးရှိသေးတာကြောင့် သူ့ဘေးနားမှာ ပက်လက်လှန်ကာ ကိုယ့်ကိုကိုယ်သုံးသပ်မိသည်...။ ဒီအတောတွင်း အသုံးမကျတဲ့လုပ်ရပ်တွေ အများကြီးလုပ်ခဲ့မိသည်ထင်သည်...။ ကောင်လေးကိုလည်း လျစ်လျူရှုထားတာများပြီ...။ ဘယ်လိုကိစ္စတွေရှိရှိ ကောင်လေးက ကိုယ့်ရဲ့ တရားဝင်ယောက်ျားပင်မလား...။

ခေါင်းကိုစောင်းကာကြည့်မိတော့ ကိုယ့်ဘက်ကိုလှည့်ကာ ကွေးကွေးအိပ်နေတဲ့ ကောင်ငယ်လေး...။ ဖြူတာထက်လွန်းတဲ့ အသားအရေနဲ့ ကောင်ငယ်လေးဟာ လောကဓံတွေကို ခံနေရတယ်လို့ ဘယ်သူကယုံမှာလဲ...။ တင်းနေအောင်စေ့ထားတဲ့ နှုတ်ခမ်းပါးလေးတွေ အပြင် ခပ်ရှည်ရှည်မျက်တောင်လေးတွေနဲ့ ကောင်ငယ်လေးဟာ သေချာကြည့်မိတော့ ကြောင်ပေါက်လေးနဲ့ တကယ်တူသည်...။ ချစ်စရာလေး~

"ဟား~ဟား"

ကိုယ့်အတွေးကိုကိုယ် သဘောတကျရယ်ပြီးမှ ဘေးနားက ကောင်ငယ်လေးနှိုးသွားမလား လှည့်ကြည့်ရသေးသည်...။ ကိုယ့်ကြောင့် သူနှိုးသွားရမယ့်အဖြစ်ကို မလိုချင်ပါ...။ ခပ်ပြေပြေလျောချနေသောစောင်ကို ယူခြုံပေးကာ အောက်ထပ်ကိုဆင်းလာခဲ့သည်...။

"အယ်~သခင်လေး နိုးပြီလား"

စျေးဝယ်ပြီး တန်းလာပုံရတဲ့ အဒေါ်ကြီးရဲ့ နှုတ်ဆက်သံကို ပြုံးပြပြီး ခေါင်းညိမ့်ပြလိုက်သည်...။

"အဒေါ်က နောက်ကျသွားတယ်ထင်တယ်~ အကိုလေးရော အလုပ်သွားပြီလား"

မီးဖိုခန်းထဲမှာ ပစ္စည်းတွေချရင်း မေးလာတဲ့ အဒေါ်ကြီးကြောင်း ရေသောက်နေရာကနေ ပြန်မေးလိုက်သည်...။

"Yoongi က အလုပ်လုပ်တယ်~ဟုတ်လား"

"သခင်လေးမသိဘူးလား... အကိုလေးက အချိန်ပိုင်းအလုပ်တွေ လုပ်နေတာ သုံးခုလားတောင်မသိဘူး"

အဒေါ်ကြီးရဲ့စကားကြောင့် ကျွန်တော်တွေဝေသွားသည်...။ မင်္ဂဆောင်တုန်းက ပေးထားတဲ့ပိုက်ဆံတွေနဲ့ ဒယ်ဒီပေးတဲ့ ထောက်ပံကြေးတွေက ဘယ်ရောက်လို့ ဒီကောင်လေးက အလုပ်တွေလုပ်နေရတာလဲ မသိ...။

Without You (Completed)Where stories live. Discover now