"Kim Taehyung မင်း မဟုတ်တာမပြောနဲ့~ မင်းအကောင် အခုလိုဖြစ်တာကို သူများအပေါ်လွှဲမချနဲ့"

"Kim Seokjin ~~ကျွန်တော်ပြောတာတွေက ဟုတ်မဟုတ် Jungkook ကိုမေးပြီး အတည်ပြုလို့ရတယ်"

အနောက်က Jungkook ကိုကြည့်လိုက်တော့ မျက်နှာလွဲနေသည်။ ထို့ကြောင့် အိတ်ကပ်ထဲက  ဖုန်းကိုထုတ်ကာ Hanna ဆီကို ဖုန်းဆက်ပြီး ခေါ်လိုက်၏။

"Hanna ~~Oppa နဲ့စကားခဏပြောရအောင် အပြင်ထွက်ခဲ့ဦး"

"မဟုတ်လို့ကတော့ Kim Taehyung မင်းစကားကို မင်းတာဝန်ယူရမယ်"

ကျွန်တော်ပြောတော့ မထီသလို ရယ်လိုက်တဲ့ Taehyung ကို တောက်တစ်ချက်ခေါက်ပြီးထွက်လာခဲ့သည်။ အပြင်ရောက်တော့ ကျွန်တော့်ကိုစောင့်နေတဲ့ Hanna ဆီကို ခပ်မြန်မြန်လျှောက်ပြီး သူ့မလက်ကိုလှမ်းဆွဲလိုက်တော့ ပြန်ကြည့်လာ၏။

"Oppa~~"

"ကိုယ်မေးစရာရှိတယ် Hanna ~Yoongi အခုလိုဖြစ်တာ မင်းပယောဂကင်းရဲ့လား"

ကျွန်တော်မေးတော့ မျက်နှာတစ်ချက်ပျက်သွားတဲ့သူမကြောင့် ပခုံးကိုကိုင်ပြီး သေချာပြန်မေးလိုက်သည်။

"တကယ်ပဲမင်းလား ~"

သူမက ဘာမှပြန်မဖြေ။

"ဘာလို့လဲ"

"မုန်းလို့~Min Yoongi ကို မုန်းလို့... သူရှိလာမှ Oppa က Hanna ကို ဂရုမစိုက်တော့တာ... သူ့ကြောင့်မို့ Oppa လက်ထပ်ရတာ... သူ့ကိုမုန်းလို့"

"ဒါနဲ့ပဲ ဒီလိုလုပ်ရရောလား... အပြင်မှာဒီလောက်အေးနေတာကို ငါသာရှာမတွေရင် အဲ့ကလေး သေသွားနိုင်တယ် Yu Hanna "

ကျယ်လာတဲ့အသံကြောင့် ဖြတ်သွားဖြတ်လာများက ကြည့်သွားသည်ကို အရေးမလုပ်အား။

"Oppaလည်းသူ့ကိုမုန်းနေတာပဲမလား... သေသွားတာတောင်ကောင်းသေးတယ်မလား"

"Yu Hanna !"

သူမကို အော်လိုက်ပြီး စိတ်ရှုပ်လို့ ကိုယ့်ဆံပင်ကို လက်နဲ့ဆွဲဖွလိုက်သည်။

"ငါမုန်းနေရင်တောင် သူကငါနဲ့လက်ထပ်ထားတာ... သူရဲ့အရာအားလုံးကို ငါပဲဆုံးဖြတ်မယ်... မင်းဝင်လာစရာမလိုဘူး... ပြီးတော့ မင်းနဲ့ငါရဲ့ပတ်သက်မှုကို ပြန်စဉ်းစားရလိမ့်မယ်~"

Without You (Completed)Where stories live. Discover now