"လိုက်ခဲ့ပါ နော်~နော်လို့"

လက်ကိုဆွဲကာ ကလေးလေးလို ဂျီကျနေတဲ့ Jiminnie ကြောင့် ရယ်လိုက်မိသည်...။ Tae ကလည်း ရောက်လာပြီး ကျွန်တော့်လက်ကို တွဲထားရင်း ဘေးနားကနေ ပွစိပွစိနဲ့ရေရွတ်နေတဲ့ Jiminnie ကြောင့်မေးလိုက်၏။

"Jiminnie ~ဘာလုပ်နေတာလဲ"

Tae မေးလို့ အကြောင်းစုံပြောပြပြန်တော့လည်း ထိုကောင်လေးကပါ လိုက်ခဲ့ဖို့ အပူကပ်နေပြန်သည်...။ လိုက်ချင်တောင် ခရီးစရိတ်ထည့်ရမည်ဖြစ်တာကြောင့် ပိုက်ဆံအပိုမကုန်ချင်ပါ...။ မဟုတ်တောင် Yoonji လေးအတွက် ငွေလိုနေချိန်မလား...။ ဟိုနှစ်ယောက်ကတော့ လိုက်ခဲ့ဖို့ရာ အတင်းပူဆာနေကြသည်...။

"ခဏလေး~~"

ဖုန်းထဲကို စာဝင်လာတာကြောင့် ကြည့်လိုက်တော့ Jin Hyung က ကျောင်းခေါင်မိုးထပ်တက်ခဲ့တဲ့...။

"Tae~~Jiminnie ~Hyung အပြင်ခဏသွားအုံးမယ်"

"လိုက်ခဲ့ရမှာနော်"

သူတို့အော်သံကို မကြားချင်ယောင်ဆောင်ကာ အပေါ်ထပ်တက်လာခဲ့သည်...။

~~~~~

ကျောင်းခေါင်မိုးထပ်ရောက်တော့ နံရံကိုမှီပြီးရပ်နေတဲ့ Jin Hyung က ကျွန်တော့်ကိုမြင်တော့ မတ်မတ်ရပ်လိုက်သည်...။

"Min Yoongi ~~လေ့လာရေးခရီး လိုက်မှာလား"

ကျွန်တော်ခေါင်းခါပြလိုက်သည်...။

"လိုက်ခဲ့"

"ကျွန်တော် လိုက်လို့မရ..."

"ဘာတွေက အရေးကြီးနေလို့လဲ "

Jin Hyung ရဲ့ အမေးကြောင့် ဘာဖြေရမှန်းမသိလို့ ခေါင်းကိုငုံ့လိုက်တော့ သူက ကျွတ်တစ်ချက်သပ်လာသည်...။

"ကျွတ်~အဲ့ပါးစပ်က ဘာမှပြန်မဖြေနဲ့ သိလား ~မသိရင် အ,နေတဲ့လူလိုပဲ"

အ,နေတဲ့လူလိုပဲတဲ့...။ ပြောရင်လက်ခံမှာကျနေတာပဲ...။

"လိုက်ခဲ့လိုက်~~scholarship နဲ့ ဝင်တဲ့ကောင်တွေက free တဲ့... အိမ်က မင်းပါမှသွားတဲ့... ငါကကျောင်းကောင်စီဆိုတော့ မပါမဖြစ်သွားရမှာ... အတွန့်မတက်နဲ့ လိုက်ခဲ့"

"ဟုတ်~~Jin Hyung "

မလိုက်ချင်ဘူးလို့ပြောရင်လည်း ရန်ဖြစ်နေမှာကြောင့် ဟုတ်လို့သာ ပြောလိုက်ရသည်...။ လိုက်ရတော့လည်း Jiminnie တို့နဲ့ လည်လို့ရတာပေါ့...။

Without You (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ