အပိုင်း(၃၁)

Start from the beginning
                                    

"မှန်းစမ်း "

ငုံ့ကျနေတဲ့ ခေါင်းကို မေးစေ့ကနေဆွဲမော့ကာ မျက်နှာကိုသေချာစိုက်ကြည့်မိတော့ လွမ်းစေသော်နဲ့ခပ်ဆင်ဆင်ရှိတဲ့ မျက်လုံး မထူမပါးမျက်ခုံးနဲ့ ဒီခပ်လုံးလုံး နှာခေါင်းနဲ့ပါးစပ်က ကျွန်တော် ရင်းနှီးနေသလို  သေချာစဥ်းစားကြည့်မိတော့ ထပ်မံ အံ့သြသွားရကာ ပါးစပ်ကပင် နာမည်ထွက်ပြောမိတဲ့အထိ။

"လုံးလုံး!!"

"ဗျာ"

"မင်းလုံးလုံးမလား"

"ဆရာက ဘယ်လိုလုပ်သိတာလဲ"

ကျွန်တော်ကို မျက်လုံးပြူးမျက်စံပြူးဖြင့် ကြည့်နေသူ လုံးလုံးကို နှစ်ချီပြီး အခုမှပြန်တွေ့ရတာ ဝမ်းသာမိသော်ငှား ရလာတဲ့ဒဏ်ရာကြောင့် ကျွန်တော် အနည်းငယ်စိတ်တိုသွားကာ မေးလာတဲ့မေးခွန်းကို မဖြေပဲ မျက်မှောင်ကြုတ်ရင်းသာ

"အဲ့တာကထား ဒါက ဘယ်လိုဖြစ်လာတာလဲ"

"ဟို ရန်ဖြစ်လာတာ"

ဝတ်ထားတဲ့ လက်ပတ်နာရီကို တစ်ချက်ကြည့်မိတော့ နေ့လယ်၁နာရီ။ဒီနေ့ကြာသပတေးနေ့။ဇဝေဇဝါနဲ့မို့ လုံးလုံးကို ထပ်မံမေးခွန်းထုတ်တော့တယ်။

"ကျောင်းပြီးပြီးလား"

ကျွန်တော့်အမေးကို ခေါင်းအသာခါပြကာ ကလေးပီပီ ပေါ့ပေါ့ပါးပါးသာ ဖြေလာသည်။

"မပြီးသေးဘူး ဆရာ ဒီနှစ် ၁၀တန်း"

"ဒီနေ့ကျောင်းဖွင့်တယ်မလား ဘယ်ကနေ ရန်ဖြစ်လာတာလဲ "

"အာ...ဟို ကျွန်တော့်အုပ်ထိန်းသူသာ ခေါ်ပေးပါ ဆရာ"

ကျွန်တော့်အမေးကို မဖြေချင်သလို စကားလွဲသွားတာမို့ အတင်းဇွတ်မေးမနေတော့ဘဲ အိတ်ထောင်ထဲက ဖုန်းကိုပြန်ထုတ်ကာ လွမ်းစေသော်ရဲ့ ဖုန်းနံပါတ်ကိုခေါ်လိုက်၏။ဖုန်းဝင်သံ ၃ခါမြောက်မှ ကိုင်လာတာမို့ လွမ်းစေသော် စျေးဝယ်ကျနေမှန်း ကျွန်တော် နားလည်လိုက်ပြီ။ကျွန်တော် ပုံမှန်ထက်အနည်းငယ်ကျယ်တဲ့လေသံနဲ့ စပီကာဖွင့်ကာ ဖုန်းပြောခြင်းသည်  လုံးလုံးကိုပါ ကြားစေချင်လို့သာ ဖြစ်သည်။

"အားလား "

"အခုတော့ မအားသေးဘူး ဘာဖြစ်လို့လဲ ချစ်ငယ်"

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now