Episode-4

1K 77 8
                                    

အာခံတွင်းထဲက ရေ‌ဆာလောင်မှုနဲ့အတူကျွန်မနိုးလာတယ်။ဘေးကိုလှည့်လိုက်တော့ ဘေးကစားပွဲပေါ်မှာ ရေဗူး။ကျွန်မယူပြီးဖွင့်သောက်လိုက်သည်။နာရီကြည့်လိုက်တော့ ၂နာရီ‌၄၅မိနစ်.....နေပါအုန်း...

"Whattttt...."

အိပ်ယာပေါ်ကခုန်ထမတက်ဖြစ်သွားရတယ်။ဘာလို့ဆို နေ့လည်ခင်းဘက်တောင်ရောက်နေပြီမို့။ကျွန်မတစ်ရက်ကို အိပ်နေရင်းနဲ့ဖြုန်းမိသွားတာလား....

ကုတင်ပေါ်ကအဆင်းမှာ ထပ်ပြီးအော်မိမလိုဖြစ်သွားရသည်။ကျွန်မကိုယ်တွင် under wearလေးပဲရှိတာမို့....

"သူအင်္ကျီချွတ်ပေးခဲ့တာလား"

ပါးတွင်ရှက်ရွံထူပူမှုများ ဖြတ်ပြေးလာသည်။ဘယ်လိုတောင် အသိစိတ်မဲ့တဲ့အထိကျွန်မမူးမိတယ်မသိ။Freenကကော ကျွန်မကိုပို့ပြီးပြန်သွားခဲ့တာလား။အိပ်ယာနိုးနိုးခြင်းမတွေ့ရပုံထောက် သူဒီမှာ အိပ်ပုံမရ။

နေပါအုန်း ကျွန်မစိတ်ထဲဘာကိုအလိုမကျသွားရပါလိမ့်။သူ့ဘာသာ သူနေရာပြန်အိပ်တာကို ကျွန်မဘာဖြစ်နေရတာလဲ။

ပြီးတော့ခေါင်းထဲခပ်ဖြည်းဖြည်းပြန်၀င်လာတာက မနေ့ညကအဖြစ်အပျက်များပင်ဖြစ်သည်။ကျွန်မအတော်ပင်သောင်းကျန်းမိသွားသည်။Freen အတော်လန့်သွားလောက်သည်။ထိုစဉ်ကျွန်မမျက်လုံးထဲ၀င်လာတာက စားပွဲပေါ်ကစာရွက်ခေါက်လေးတစ်ခု....

"BecBec တို့မနက်ဖြန် သုံးနာရီလောက်လာခဲ့မယ်နော်။မင်းလဲအဲ့အချိန်လောက်ဆို နိုးလောက်ပြီထင်တယ်။နောက်အများကြီးမသောက်နဲ့ မူးနေတဲ့ Rebecca ကကြောက်ဖို့ကောင်းတယ်...တို့နံပါတ်ရေးပေးခဲ့မယ် မင်းနိုးရင်ခေါ်လိုက်နော်.....ဒါမှမဟုတ်မင်းမအားရင်လဲ တို့ကိုအကြောင်းကြားပေးပါ......

Freen"

Freenရဲ့ခပ်သော့သော့လက်ရေးလေးတွေမြင်ပြီးကျွန်မပြုံးသွားရသည်။နံပါတ်ပါပေးထားခဲ့တာဆိုတော့ ကျွန်မကိုစိတ်ပျက်ဟန်တော့မတူ။မနေ့ညကFreenနဲ့အထိအတွေ့များကိုပြန်တွေးရင် ပြုံးမိပြန်သည်။

ကျွန်မတကယ်ဒီအမျိုးသမီးကို အတော်ကြီးဖြစ်နေတာပဲ။

ကုတင်ပေါ်ကိုပြန်ထိုင်လိုက်ရင်း ဖုန်းကိုယူကာ စာရွက်ထဲကနံပါတ်များကိုနှိပ်လိုက်သည်။

My SarochaWhere stories live. Discover now