Episode-3

965 82 6
                                    

Day-3

"Namမပါပဲ နင်ဘယ်လို
တစ်ယောက်ထဲလာခဲ့တာလဲFreen"

Hengရဲ့စကားကြောင့်Freenပြုံးလိုက်သည်။သူသိချင်နေလို့မနေ့ကတည်းက တစ်မေးထဲမေးနေတာလေ။မသိချင်ပဲဘယ်နေမလဲ အဖွားစရိုက်ကို Hengသိသည်ကိုး။

"အွန်း ငါပြန်လာရင် စီးပွားရေးတစ်ချို့ဦးစီးပြီး လူလုံးထွက်ပြမယ်လို့ ကတိပေးလိုက်တာ"

"ဝိုး တကယ်ကြီးလား။နင်တကယ်ဆုံးဖြတ်လိုက်တာလား"

"ငါဘယ်တက်နိုင်ပါ့မလဲ Heng...အဖေကလဲအဖွားဒါဆိုဒါတဲ့လူ။အဖွားကလဲ ငါ့ကိုတပူပူနဲ့လေ။ငါ့အနုပညာတွေကိုလဲ သူအမှိုက်သာသာထင်တာ"

မှိုင်းသွားတဲ့Freenမျက်လုံးတွေကို Hengသတိထားမိသည်။အနုပညာဝါသနာပါသည့်Freenကို အဖွားကစီးပွားရေးပဲလုပ်စေချင်သည်။တစ်ဦး‌တည်းသောသားကမွေးသည့် တစ်ဦးတည်းသောမြေးကိုပဲ Chankimha Groupကိုဦးစီးစေချင်သည်။Freenကစီးပွားရေးကို မဦးစီးချင်ပဲ ဝါသနာပါသည့် အနုပညာလိုင်းဘက်သွားချင်သည်။ထိုတွင်ပဲ အဖွားနဲ့ကတောက်ကဆ ဖြစ်သည်လေ။

"နင်ဘယ်တော့ပြန်မှာလဲ"

"တကယ်က ပြန်လာဖို့ခေါ်နေပြီ။ငါနောက်ထပ်ရက်နည်းနည်းကြာမှပြန်မလားလို့"

"ဘာလဲ ဟိုကောင်မလေးကြောင့်လား"

Freenရဲ့အကြည့်စူးစူးတစ်ချက်ကို Hengလက်ခံရလိုက်သည်။Heng‌မေးလိုက်တာကိုလဲ နောင်တမရပါ။Freenလိုချေမိုးနေတဲ့သူတစ်ယောက်က ထိုကောင်မလေးကိုကြည့်သည့်အကြည့်တွေက နွေးနွေးထွေးထွေးရှိလွန်းလှသည်။

"ဒါနင့်အပိုင်းမဟုတ်ဘူး Heng"

"ဘာလို့ငါ့အပိုင်းမဟုတ်တာလဲ ငါကနင့်သူငယ်ချင်းလေ"

"ဇွတ်သူငယ်ချင်းဟန်ဆောင်နေပြန်ပါပြီ"

"ဟော ငယ်ငယ်ကတည်းက ပေါင်းလာမှတော့ သူငယ်ချင်းပေါ့"

"အဖွားဖန်တီးပေးထားတဲ့သူငယ်ချင်း"

"အဲ့လိုကြီးပြောပြန်ပြီ ငါရင်နာအောင်"

Hengရဲ့အမူယာပိုပိုတွေကြောင့် Freenမဲ့ပြလိုက်သည်။တကယ်လဲ Hengဆိုတာ အဖွားကြောင့်ဖြစ်လာရတဲ့သူငယ်ချင်းပါ။သန်းကြွယ်သူဌေးမိသားစုရဲ့ကလေးချင်း ခင်မင်မှုပေါ့။အဖွားကသူ့သူငယ်ချင်းအရင်းတွေဖြစ်တဲ့ Noeyတို့Kadeတို့တောင်သဘောမကျ။အဖွားကHengမှ Heng။

My SarochaWhere stories live. Discover now