Episode-1

1.9K 123 6
                                    

"Becky Amsterdam ကိုသွားမဲ့ခရီးမှာ အစ်ကိုအကူညီတစ်‌ခုတောင်းပါရစေ။အစ်ကိုတို့ဘဏ်ရဲ့ VIP Customer Mr Haoကအဲ့မှာ သူ့အမျိုးသမီးနဲ့အပန်းဖြေခရီးထွက်နေတယ်လို့ သိရတယ်။အဲ့တာကွာ အစ်ကိုကလက်ဆောင်ထည့်ပေးလိုက်ချင်တာ။သိတယ်မလား သူကအစ်ကိုတို့ရဲ့ ပင်တိုင်ဆိုတာ။ ပြီးတော့နောက်နှစ်ထွက်မဲ့ Productအတွက် အာမခံချက်တစ်ခုရလာနိုင်တယ်လေ။ပြီးတော့ သူ့အမျိုးသမီးက Beckyကိုဘယ်လောက်သဘောကျလိုက်လဲ"

နှစ်ကုန်ခရီးသွားဖို့ခွင့်ယူတာကို မန်နေဂျာက
အလုပ်ကိစ္စတွေထည့်ပေးနေတော့
Beckyစိတ်နည်းနည်းတော့ခုသွားရသည်။ဘယ်နှယ်သူများ အေးအေးလူလူခရီးသွားမဲ့ကိစ္စကို။ဒါပေမဲ့လဲ ဒါပေမဲ့လဲ။ဟူး ဒါ့ကြောင့်သူများအလုပ်လုပ်ရတာ တကယ်မကောင်းတာ။

"ရတယ်လေအစ်ကိုထည့်ပေးလိုက်ပါ။ကျွန်မတစ်ချက်၀င်တွေ့လိုက်မယ်"

မငြင်းနိုင်။အလုပ်လောဘကြီးတယ်ပဲပြောပြော။သူကအမြဲတာ၀န်ကျေချင်နေတာပဲဆိုဆို။အလုပ်ကိစ္စအတွက် လိုအပ်လျှင် ကိုယ်တိုင်ကလဲတက်နိုင်လျှင် သိပ်မငြင်းတက်။ဒါကိုမန်နေဂျာကောင်းကောင်းသိသည်။

"ကျေးဇူးပါBeccaရာ။အစ်ကိုမင်းကို လေယာဉ်လက်မှတ်စီစဉ်ပေးမယ်"

ဒီလိုကျလဲ အလိုက်သိသားလို့သူတွေးမိသွားသည်။အလိုက်မသိလို့လဲမရ။ဒီလူက Beckyတန်ဖိုးသိထားသည်လေ။VIP Customerတိုင်းက Becky နဲ့ဆိုအဆင်ပြေကြသည် သဘောတွေ့ကြသည်ချည်း။ဒါကတော့ သူ့ရဲ့အလုပ်ကြိုးစားမှုကြောင့်ရယ်လို့ပဲ ပြောရမလားပေါ့။

Rebecca Patricia Armstrong ဆိုတဲ့သူမက ထိုင်းနိုင်ငံရဲ့ဘဏ်တစ်ခုမှာ Supervisorရာထူးနဲ့အလုပ်လုပ်နေတာ နှစ်နှစ်ခွဲခန့်ရှိပါပြီ။စာရင်းအင်းဝါသနာပါတာ‌ရယ် ဘဏ်နယ်ပယ်ကိုစိတ်၀င်စားတာရယ်‌ကြောင့်ရယ် ပြီးဒီအလုပ်ကသူနဲ့ကိုက်ညီတယ်ထင်လို့ရယ် ရွေးချယ်ခဲ့တာ။ရွေးချယ်တယ်ဆိုတာထက် ဒီလမ်းကြောင်းပေါ်ရောက်ဖို့ သူကိုယ်တိုင် ကြိုးစားခဲ့ရတာ။ဘာမှသိပ်မသိသေးတဲ့ကောင်မလေးကနေ supervisorနေရာထိ ကိုယ်တိုင်ကြိုးစားခဲ့ရတာလေ။တစ်ခါတစ်လေ မွန်းကျပ်ပြီး တစ်ခါတစ်လေကျလဲ ပင်ပန်းသည်။တစ်ခါတစ်လေကျလဲ အကုန်လွှတ်ချပြီးထွက်ပြေးချင်သည့်အထိ။အလုပ်အပေါ်ဘယ်လောက် နှစ်မြှုတ်မိလဲဆို ယခုအသက်နှစ်ဆယ့်ငါးနှစ်ထိ ချစ်သူရည်းစားမရှိသေး။

My SarochaWhere stories live. Discover now