"ငါ မင်းရဲ့နှုတ်ခမ်းတွေကို တသက်လုံးမနမ်းဘူး... ရွံလို့"

နားနားကိုကပ်ကာ ပြောလိုက်တဲ့ စကားကြောင့် စိတ်ထဲတွင် မွန်းကြပ်လာကာ ဒူးနှစ်ဖက်ဟာ ခွေကျမတတ်...။ အဲ့လောက်တောင်ပဲ ကျွန်တော့်ကို မုန်းနေတာလား...။

မင်္ဂလာပွဲအပြီးမှာ ထွက်သွားကြတဲ့ လူတွေကြား သူနဲ့ကျွန်တော်သာကျန်ခဲ့သည်...။ necktie ကို ဆွဲဖြည်ပြီး ဆံပင်တွေကိုလက်နဲ့ထိုးဖွကာ အပြင်ဘက်ထွက်မလို့ လုပ်နေတဲ့ Jin Hyung...။

"Jin Hyung ~~"

အင်္ကျီစကိုကိုင်ပြီး တိုးတိုးလေးခေါ်လိုက်တော့ လှည့်ကြည့်လာတဲ့ သူ့ရဲ့မျက်ဝန်းတွေက ဒေါသတွေနဲ့ ရစ်သိုင်းလျက်...။

"ကျွန်တော် တောင်းပန်ပါတယ်"

ကျွန်တော့်ကိုကြည့်ပြီး သူရယ်သည်...။ ဟင့်အင်း....လှောင်သည်လို့သုံးရင် ပိုမှန်လိမ့်မည်...။

သူ ကျွန်တော့်ကို လှောင်ကာ

"ငါက မင်းတောင်းပန်တာကို လက်ခံရမှာလား... တကယ်စိတ်ရင်းနဲ့ အားနာရင်း ဒီလက်ထပ်ပွဲက အကြုံးမဝင်ပါဘူးဆိုပြီး အခုချက်ချင်း အဖေ့ကိုသွားပြောလိုက် "

"Jin Hyung ~"

"မလုပ်နိုင်ဘူးမလား... အဲဒါဆို တောင်းပန်တယ်ဆိုတဲ့စကားကို ထပ်မပြောနဲ့... နားခါးတယ်... အော်ဂလီဆန်တယ်... ဘယ်တော့မှ လက်မခံနိုင်ဘူး ရှင်းလား"

ခေါင်းကိုငုံ့ထားရင်း တိုးတိတ်စွာ တောင်းပန်သံကို လှောင်ရယ်သံနဲ့အတူ ပယ်ချလိုက်တဲ့ စကားက ဘယ်တော့မှ လက်မခံဘူးတဲ့...။

"ပိုင်လုံးကောင် "

Jin Hyung က ကျွန်တော့်ကို စူးစူးနင့်နင့်ကိုကြည့်ပြီးပြောလာတာကြောင့် ခေါင်းကိုငုံ့လိုက်မိခြင်း...။ မင်္ဂလာပွဲလေးဟာ တိတ်တဆိတ်ပဲ ပြီးဆုံးခဲ့သည်...။ ကျောင်းနောက်မှာ ငိုကြွေးနေတဲ့ ကောင်လေးရဲ့ မျက်ရည်တွေကို လျစ်လျူရှုရင်း‌ပေါ့~~

~~~~~~

ကားပေါ်ကဆင်းတော့ Jin Hyung က သူ့ပစ္စည်းတွေထည့်ထားတဲ့ ပုံးတွေကိုယူပြီး ဆင်းသွားတာကြောင့် ကျွန်တော်လည်း ကိုယ့်အဝတ်ထုတ်ကို ကိုယ်ယူပြီး သူ့နောက်ကနေ လိုက်သွားခဲ့တယ်...။ ခြံလေးသက်သက်နဲ့ နှစ်ထပ်တိုက်အိမ်ကျယ်ကျယ်ဟာ Jin Hyung မိဘတွေရဲ့ လက်ဖွဲ့ပစ္စည်းဖြစ်သည်...။

Without You (Completed)Where stories live. Discover now