ဒီလိုဖြင့်...ဒီလူဟာ ဘတ်ဟျွန်း ဘဝတစ်​လျှောက်လုံး ချစ်ခင်တွယ်တာသွားရ​တော့မယ့်လူဆိုတာ ​သေချာ​နေခဲ့ရင်း...။

********************

"ပူတူး"

ရည်းစား​တွေဖြစ်ပြီဆိုကာမှ သူ​ခေါ်သမျှ ဘတ်ဟျွန်းအတွက်နာမ်စား​တွေလည်း စုံစိ​နေ​တော့သည်။ ဟမ်ဘာဂါကို ပလုတ်ပ​လောင်းဝါးပစ်လိုက်တဲ့ ဘတ်ဟျွန်းနှုတ်ခမ်းမှာ ​ပေပွသွားသမျှကို လက်​ချောင်း​တွေနဲ့လိုက်သုတ်​နေပြန်၏။

"ကိုကြီး​ရော စားဦး​လေ"

"ပူတူးကိုကြည့်ပြီး ဗိုက်ပြည့်"

"ဦး​လေးကြီး​တွေ သိပ်တတ်။ ရည်းစား​တွေ ဘယ်​လောက်​တောင် ထားဖူးခဲ့လဲမသိဘူး"

"မဟုတ်တာ။ ပူတူးက ကိုယ့်အချစ်ဦးနဲ့ အချစ်ဆုံး​နော်"

"မယုံပါဘူး။ စစ​တွေ့ချင်းတုန်းက​ပြောခဲ့တဲ့ ကြိုက်ဖူးတယ်ဆိုတဲ့တစ်​ယောက်က​​ရော"

"​နောက်ကျ သိလာမှာ​ပေါ့ က​လေး​လေးရဲ့"

"ခု​ပြော ခုသိချင်တာ"

"မုန့်​တွေ​အေးသွားမယ်"

"​တွေ့လား မ​ပြောပြချင်လို့ စကားလမ်း​ကြောင်းလွှဲတာ။ ​ခေါ်​တော့ဘူး ကိုကြီးကို"

"ဟာကွာ..."

ဘတ်ဟျွန်း ကား​ပေါ်ကဆင်းမယ်လုပ်​တော့ ရင်ခွင်ထဲကိုဆွဲထည့်ပစ်၏။ ပြီး​တော့ ပါးနှစ်ဖက်​ပေါ် အသံမြည်သည်အထိ​ရောက်လာတဲ့အနမ်း​တွေ။

"နမ်းပဲနမ်း​နေတာ"

"အဲဒါ​တောင်မဝဘူး"

ဘတ်ဟျွန်း ရယ်ပစ်လိုက်ပြီး သူ့ရင်ခွင်ထဲမှီ​နေ​လိုက်​တော့၏။

"အာပါး အိုမားတို့ကို ဘယ်​တော့ လိုက်နှုတ်ဆက်လို့ရမလဲ"

"ဟင် ​နေ့တိုင်း နှုတ်ဆက်​နေပြီး​တော့"

"မဟုတ်ဘူး​လေ။ တရားဝင်သားမက်​လောင်းအ​နေနဲ့"

"ရည်းစားဖြစ်တာဖြင့် တစ်ပတ်ပဲရှိ​​သေးတာပါ​နော် ဦး​လေးကြီး"

"ဟာ...ဟုတ်လား တကယ် တစ်ပတ်လား။ ကိုယ်ဖြင့် ဆယ်နှစ်​လောက်ရှိပြီမှတ်တာ"

Date with Unknown but HeWhere stories live. Discover now