"ကိုကြီးသိလား အရမ်းထူးဆန်းပါတယ်ဆို အဲဒါက"
"တစ်ဦးတည်းသော သားလေးကို မဆူရက်တာပေါ့ ကလေးရယ်"
"ဒါပေမယ့်လည်း ကျွန်တော်မွှေလိုက်တာက အကြီးကြီးလေ သိလား။ အိုမားတို့က ပတ်ချန်းယောလ်ကို အရမ်းအကောင်းမြင်ပြီးအထင်ကြီးကြတာပါဆို။ ခုက လုံးဝကြီး။ ကျွန်တော်လည်း အိမ်ပြန်ရောက်ရော သားလေးပြန်လာပြီလား နားနားဆိုပြီး ပါတီကအကြောင်းတွေ တစ်ခွန်းမှမဟသွားဘူး"
ဘတ်ဟျွန်း ရေမိုးချိုး ညအိပ်ဝတ်စုံလဲပြီးတာနဲ့ အိပ်ရာပေါ်ဒိုင်ဗင်ထိုးတက်လိုက်ပြီး လဲခဲ့မိတဲ့ဖုန်းနံပါတ်ဆီက ဖုန်းဝင်လာတာကို လက်ခံလိုက်ရသည်။ ဘတ်ဟျွန်းပြောသမျှနားထောင်ပေးနေတဲ့တစ်ဖက်က ရယ်သံသဲ့သဲ့ မကြာခဏထွက်လာတတ်၏။
ဘတ်ဟျွန်းအောက်နှုတ်ခမ်းကိုဖိကိုက်မိရင်း ကိုယ်တိုင်လည်း ရယ်မိသွားသည်။ ဒီနေ့မှသိလာတဲ့လူကြီးကို ဘတ်ဟျွန်းဘာတွေယုံကြည်ပြီး ဒီအကြောင်းတွေပြောမိနေမှန်းတောင်မသိပါ။
"ဒါပေမယ့် ပတ်ချန်းယောလ်ကတော့ စိတ်ဆိုးမှာသေချာတယ်။ သူ့ကိုကြောသွားတယ်ဆိုပြီး"
"သူက ကလေးကို စိတ်မဆိုးပါဘူးတဲ့။ စိတ်မကောင်းဘဲ ဖြစ်သွားတာ"
"ဟင်... ကိုကြီးကိုပြောပြတယ်လား"
"အင်း...နည်းနည်းပါ"
"အခုရော သူနဲ့အတူတူရှိနေတုန်းလား"
"ကိုယ့်အခန်းထဲရောက်နေပါပြီ"
"ရေရောချိုးပြီးပြီလား။ နွေးနွေးထွေးထွေးဝတ်ထားရဲ့လားဟင်"
"ရေလည်းချိုးပြီးပြီ။ နွေးနွေးထွေးထွေးလည်းဝတ်ထားပါတယ်။ ကလေးလေး နို့တစ်ခွက်လောက်သောက်ပြီး အိပ်နော်။ အအေးမိမှာစိုးလို့"
"ကိုကြီးရော သောက်တာလား"
"ကိုယ်က လူကြီးဆိုတော့ ဝိုင်"
"ကျွန်တော်လည်း ၂၂နှစ်ပါနော်။ ဝိုင်သောက်မယ်"
"မဆိုးရဘူးလေကွာ"
