ဘတ်ဟျွန်းကို​ပွေ့လျက်သားအတိုင်း ထဖို့မကြိုးစားသလို ဘတ်ဟျွန်းလည်း သူ့ရင်ခွင်ထဲက ရုန်းထွက်ဖို့ မကြိုးစားမိပါဘဲ။

နဖူး​ပေါ်ကျလာသည့် အနမ်းတစ်ပွင့်က​နွေး​နွေး​ထွေး​ထွေး။ ဘတ်ဟျွန်းငြိမ်သက်​နေမိ​တော့ ပါးပြင်နှစ်ဖက်​ပေါ်တလှည့်စီကျလာသည့် အကြင်နာ​တွေ။

"ကိုယ် က​လေး​ကို အရမ်းချစ်​နေမိတာ ဘယ်လိုလုပ်ရပါတော့မလဲ"

အသံကမချင့်မရဲနိုင်စွာ။ ဘတ်ဟျွန်းက သူ့ရင်ဘတ်​ပေါ် ​မှောက်ခုံအ​နေအထားနှင့်ရှိ​နေသည်မို့ တစ်​ယောက်မျက်နှာတစ်​ယောက်ကြည့်​နေကြခြင်းမှာ ရင်ခုန်သံ​​တွေကိုလည်း အတိုင်းသားခံစား​နေရ၏။

"ချစ်တယ် ​ဗြောင်ဟျွန်းနီး"

ဘတ်ဟျွန်း မျက်နှာကို ငုံ့ပစ်လိုက်ဖို့​ပေမယ့် မျက်နှာကို​မေးဖျားက​နေ ဆွဲ​မော့ယူခံလိုက်ရပြီး နှုတ်ခမ်း​တွေက ​နွေး​ထွေးတဲ့တစ်စုံတစ်ရာဖြင့် ငုံ​ထွေးခြင်းခံလိုက်ရ​တော့၏။

"အွန်းမ်..."

အနမ်းတို့ကနူးနူးညံ့ညံ့ဖြင့် ဘတ်ဟျွန်းနှုတ်ခမ်းပါးတို့ကို ခြယ်လှယ်ကြ၏။ ​ကြင်နာတတ်ခြင်းတို့က အနမ်းပွင့်​တွေမှာ​တောင် သိသာစွာ။

"ကို...ကိုကြီး..."

အနမ်းတွေခွာလိုက်​တော့ စိုလဲ့​နေကြသည့် နှုတ်ခမ်းပါးတို့ဖြင့် အပြန်အလှန်​ငေးစိုက်ကြည့်​နေမိကြရင်း...

"က​လေး​​လေးက​ရော..."

"ဘာကြီးလဲ"

"ချစ်ရဲ့လားဟင် ကိုယ့်ကို"

"ဦး​လေးကြီးကို မချစ်ချင်ဘူး"

"ဦး​လေးကြီး​ပေမယ့် အလတ်ကြီးရှိပါ​သေးတယ်ဗျာ"

"မယုံဘူး"

"ယုံ​အောင် သက်​သေပြမယ် လာခဲ့"

"ကိုကြီး​နော်...."

ဘတ်ဟျွန်းအသံက အနမ်း​တို့အောက် ​ပျောက်သွားရပြန်သည်။ ဘတ်ဟျွန်းကို မလွတ်တမ်းဖက်ထားပြီး နှုတ်ခမ်းတို့ကို မွတ်မွတ်သိပ်သိပ်နမ်းလိုက် မျက်နှာတစ်ပြင်လုံးကို တဖျပ်ဖျပ်နမ်းလိုက်နဲ့။ ဘတ်ဟျွန်းကိုယ်တိုင်လည်း မွန်းကျပ်တယ်လို့မခံစားရဘဲ ရင်ခွင်ကျယ်ကို မှီတွယ်ထားရင်း သူ​ပေးသမျှ အကြင်နာတိုင်းကို လိုက်လံမှတ်သားခံစား​နေမိ၏။

Date with Unknown but HeWhere stories live. Discover now