"အား... အစုတ်အပြတ်ကြီး ကိုကြီး။ လူယုတ်မာ ကိုကြီး။ လူလိမ်လူညာကြီး"

"အင်း... က​လေး​လေးကိုချစ်မိ​တော့လည်း ကိုကို့မှာ အဲ့လိုဘဝ​တွေပါရောက်​ရော"

"ဘာကိုကိုလဲ ဘာကိုကိုလဲ!"

ပြောလည်း​ပြော ဘတ်ဟျွန်းလက်သီး​တွေက သူ့ပုခုံး​တွေ​ပေါ်လည်း မလွတ်ရ။

"ငယ်ငယ်က​ခေါ်တာ ကိုကိုတဲ့"

"အဲဒါလည်း အတင်းသင်​ပေးခံခဲ့ရလို့​နေမှာ​ပေါ့"

"အခုလည်း ထပ်သင်​ပေးမယ်။ ကိုကို့ကို ကိုကိုလို့​ခေါ်ရမယ်​နော် ပူတူး​လေး"

"မုန်းတယ် မုန်းတယ် ကိုကိုဆိုတဲ့လူကြီးကို မုန်းတယ်"

*****************

"သတို့သားနှစ်​ယောက် အနမ်း​ပေးလို့ရပါပြီ"

ဘတ်ဟျွန်း ခါး​ကိုဆွဲဖက်ယူပစ်လိုက်တာ ​စွေ့ခနဲပင်။ ပြီး​တော့ နှုတ်ခမ်းတစ်စုံလုံးကို ငုံစုပ်ပစ်ပြီး စိုစွတ်ပူ​နွေးတဲ့အနမ်း​တွေ​ပေး၏။ မင်္ဂလာပွဲလာတဲ့ ပရိတ်သတ်​တွေအများကြီး​ရှေ့မှာ​တောင် ဒီကိုကိုက မဆင်မခြင်။

"ကိုကိုလို့"

ဘတ်ဟျွန်း တိုးတိုး​လေး​ခေါ်ပစ်လိုက်မှ ပြုံးစစမျက်နှာကြီးနဲ့ ​နောက်ဆုတ်သွား၏။ ဒါ​တောင် သူ့နှုတ်ခမ်း​တွေနဲ့ ဘတ်ဟျွန်းပါးတစ်ဖက်ကို ကျီစယ်သွား​သေးတာ။

"ဟန်းနီးမွန်းမှာ ​သေ​သေချာချာ​ပျော်ခဲ့ကြ​နော်"

နှစ်ဖက်မိဘနဲ့ ​ဆွေမျိုးဧည့်သံတို့ရဲ့ စကားသံတို့ဖြင့် ဘတ်ဟျွန်းတို့နှစ်​ယောက် တီဟီရီက ဘိုရာဘိုရာကမ်း​ခြေထိ ခရီးစဉ်​ချော​ချော​မွေ့​မွေ့ပင်။

"​ရေ​ပေါ်က တက်​ပါ​တော့ ပူတူးရယ်"

"တက်ဘူး"

"ကိုကို့ကို သနားပါဦး"

"သနားဘူး"

ဘတ်ဟျွန်း မသိမသာနဲ့လှမ်းကြည့်​တော့ မျက်နှာသိပ်မ​ကောင်း​တော့တဲ့ ကိုကိုအစုတ်ပလုတ်ကြီးကို ​တွေ့ရ၏။ ဖြစ်​ကြောင်းကုန်စင်ရှင်းလင်းသွားပါပြီဆိုတည်းက မင်္ဂလာပွဲကို သူကိုယ်တိုင် အင်တိုက်အားတိုက်​တွေလုပ်ချတာ။ ဘတ်ဟျွန်းကဖြင့် ရည်းစားသက်တမ်းအကြာကြီးရှိချင်​​သေးတာကို။ အနည်းဆုံး​တော့ ရည်းစားသက်တမ်း တစ်နှစ်၊ တစ်နှစ်ခွဲ​လောက်မှယူ​တော့​​ရော။ ခု​တော့ ဘတ်ဟျွန်းမှာ ရည်းစားရပြီးသုံးလအကြာမှာ ​ယောက်ျားပါရသွား​ရော။ ကိုကိုဆိုတဲ့သတို့သားအသစ်စက်စက်ကြီး မျက်နှာမ​​ကောင်းတာမြင်​တော့လည်း ဘတ်ဟျွန်း မ​နေနိုင်။

"လာချီ​ပေး"

"လာပြီဗျာ"

"ရယ်မ​နေနဲ့"

"မရယ်​တော့ဘူး ဒါဆို..."

ပြွတ်စ်

ဘတ်ဟျွန်း မျက်​စောင်းခဲပစ်လိုက်တာကိုလည် မှု​တော့ပုံမရပါ။ ပြဿနာက ဟိုတယ်က ​ရေချိုးခန်းထဲ​ရောက်မှစသည်။

"ကိုကို ချိုး​ပေးမယ်​လေ"

"ရှက်တယ်လို့ ကိုကို​နော်။ ကိုယ့်ဘာသာချိုးပါမယ်ဆို"

"အခုက ရှက်စရာမလို​တော့ဘူး​လေ။ ကိုယ်တို့က လက်ထပ်ပြီးပြီကို"

"ဟင့်အင်းလို့..."

ရေချိုးခန်းတံခါးကို ဘတ်ဟျွန်းကိုယ်လုံးနဲ့တွန်းထားတာလည်းမရ​တော့ပါ။ သူ့ကိုယ်လုံးကြီးနဲ့ ဖွင့်ဝင်လာပြီး ဘတ်ဟျွန်းရဲ့​ရေကူး​ဘောင်းဘီ​လေးကို ဆွဲချွတ်ပစ်၏။ ပြီး​တော့ သူဝတ်ထားတဲ့ တစ်ထပ်တည်း​​သော bathrobe ကိုဖြည်ချလိုက်​တော့ နှစ်​ယောက်လုံး ဝတ်လစ်စလစ်။

"ရှက်ကိုမရှက်ဘူး ကိုကိုကဗျာ"

"မရှက်နိုင်​တော့ဘူး ပူတူးရာ" လို့ဆိုပြီး ဘန်ဟျွန်းကို ​ပွေ့ချီပစ်၏။ ပြီး​တော့ ​ရေပန်း​အောက် ပူးကပ်သွားရခြင်းမှာ အနမ်း​တွေကလည်း ပူ​လောင်ပြင်းရှစွာ။

ဘတ်ဟျွန်းတစ်ကိုယ်လုံးကို ခြယ်လှယ်​နေကြတဲ့ လက်​ချောင်း​တွေအား ဘတ်ဟျွန်းထပ်ကိုင်ရင်း အနမ်း​တွေ​နောက်ကိုလည်း အမှီလိုက်ရ၏။

"ချစ်တယ် ပူတူး​လေး"

"အင်း..."

ရေစက်လက်အတိုင်း အိပ်ရာ​ပေါ်လူးလိမ့်မိကြတာလည်း မရပ်တန့်နိုင်ပါ။ ကိုကိုက ဘတ်ဟျွန်းကိုယ်​ပေါ်မှာ အားမာန်အပြည့်ဖြင့် လှုပ်ရှား​နေရင်း။

ဘတ်ဟျွန်း ဖက်တွယ်ထားမိတဲ့ ​ကျောပြင်ကျယ်ကြီးဟာ မ​မောနိုင်မပန်းနိုင်။ ဘတ်ဟျွန်းတစ်ကိုယ်လုံးကို မက်မက်​မော​မောနမ်းရှိုက်​နေသူရဲ့ မျက်ဝန်းထဲက နူးညံ့​မှု​တွေမှာ ဘတ်ဟျွန်းအတွက် သီးသန့်ဖြစ်​တည်​နေရင်း။

မမှတ်မိ​တော့တဲ့အတိတ်မှာ ဒီလူကိုတွယ်တာခဲ့ပြီး ဒီလူမှန်းမသိခဲ့တဲ့ ပစ္စုပ္ပန်မှာလည်း ဒီလူကိုပဲ ဘတ်ဟျွန်းချစ်မိခဲ့သည်။ ပြီး​တော့ သူဟာ ဘတ်ဟျွန်း အစဉ်သဖြင့် လိုချင်​တောင့်တခဲ့တဲ့ ချစ်ပုံချစ်နည်း​တွေအတိုင်း ဘတ်ဟျွန်းကို အချစ်​ပေးနိုင်ဆုံးလူလည်းဖြစ်ကာ။ ဘတ်ဟျွန်းဟာ ဘဝဆက်တိုင်း ဒီလူနဲ့သာ ချစ်ခွင့်ရဖို့....

"ကိုကို့ကိုချစ်တယ်..."

##########

JULY 17.2023.(Monday)

Date with Unknown but HeWhere stories live. Discover now