ဘတ်ဟျွန်းရဲ့အနမ်းတစ်ပွင့်ကြောင့် ပါးချိုင့်တစ်ဖက်နက်အောင်ပြုံးနေတဲ့ပုံကို သူကိုယ်တိုင် ဖုန်း wallpaper ထားထားခဲ့ပြီး။ အရောင်မှိန်နေတဲ့ဓါတ်ပုံတွေထဲက ပါးချိုင့်နဲ့ ကောင်လေး...။ တိုက်ဆိုင်လွန်းစွာ ပွင့်ဟလာခဲ့တဲ့ ရေချိုးခန်းထဲက ထွက်လာသူမှာ အဖြူရောင် bathrobe ဖြင့်။ ရေစိုလက်စဆံပင်တွေကို သပ်တင်လိုက်မှ ဘတ်ဟျွန်းကိုလည်း မြင်သွားပုံရပြီး...
"ကလေးလေး"
"ခင်ဗျားကြီး..."
*****************
"မငိုပါနဲ့တော့ကွာ။ ကိုယ်မှားပါတယ်နော်။ ကိုယ်တောင်းပန်ပါတယ် ကလေးလေးရဲ့"
"မုန်းတယ် မုန်းတယ် ခင်ဗျားကြီးကို အရမ်းမုန်းတယ်လို့ ပတ်ချန်းယောလ် အီးဟီး"
ဘတ်ဟျွန်း ကလေးတစ်ယောက်လိုပဲ အော်ဟစ်ငိုယိုမိကာ သူ့ရင်ဘတ်ကျယ်ကြီးကိုလည်း ထုပစ်မိ၏။
"ကျွန်တော့်ကို နှစ်ကွက်ကျော်တွေရိုက်ပြီး သူငယ်နှပ်စားလေးလို ဆက်ဆံတာ အီးဟီး...။ သူများက ပတ်ချန်းယောလ်ကို အမြင်ကပ်တယ်ဆိုပြီးလည်း အတင်းတွေပြောနေတာကို ပတ်ချန်းယောလ်ကြီးက မသိချင်ယောင်ဆောင်ပြီး လူကို ညာယူတာ။ အိုမားတို့ အာပါးတို့ပါ ကြံရာပါတွေ အီးဟီး..."
"ကိုယ် တမင်လုပ်လိုက်တာ မဟုတ်ရပါဘူး ပူတူးရာ။ အဲ့တုန်းက ပူတူးက garden ထဲစောင့်နေတယ်ဆိုလို့ ကိုယ်လည်းထွက်လာတာ။ ပူတူးက ခြံထဲကပြေးထွက်သွားတော့ ဘာများဖြစ်လို့လဲဆိုပြီး ကိုယ်လည်းလန့်ပြီး ဆိုင်ကယ်နဲ့လိုက်တာ။ ကိုယ်ပြေးတာမြင်တော့ နောက်ကလူတွေကပါလိုက်။ ပူတူးက သူတို့ကိုမြင်တော့ ထပ်ပြေးနဲ့ အကုန်ရှုပ်သွားတာ။ ကိုယ်ကပတ်ချန်းယောလ်လို့ ပြောဖို့ကလည်း ကလေးက ခါးခါးသီးသီးလေးပြောနေတာမြင်တော့ စိတ်မကောင်းတာနဲ့"
"အဲဒါဆိုလည်း စိတ်မကောင်းလက်စနဲ့ ဝေးဝေးသွားနေလို့။ ဘာလို့ ရည်းစားလာလုပ်သေးလဲ"
"ဒါကတော့ ကိုယ့်အချစ်ဦးလေးကို မချစ်ဘဲနေလို့မှ မရတာကို"
Ending Part(Z)
Start from the beginning
