"သားလာမှာကို သူကကြို​တောင်​ပြောမထားဘူး။ ​ပြောဖို့ပဲ ​မေ့​နေလား မသိပါဘူး သားရယ်"

"ကျွန်​တော်တို့ အဆက်အသွယ်မရှိလို့ပါ"

"​အော် ​အေး​ပေါ့ ​အေး​ပေါ့။ ခု​ခေတ်လူငယ်​တွေများ လူချင်းတွေ့ပြီးပဲ အဆက်သွယ်လုပ်ကြ​တော့တာ​နေမှာ။ လာပါ သားရယ်။ ဧည့်ခန်းမှာ မထိုင်နဲ့။ သူ့အခန်းမှာသာ ဝင်ထိုင်​နေ​တော့။ ခုပဲ ရချိုးခန်းထဲ ဝင်သွားတာ။ သားကိုမြင်မှ မြန်မြန်သွက်သွက်လုပ်လိမ့်မယ်"

ဘတ်ဟျွန်းငြင်းချိန်လည်းမရပါ။ လက်က​နေဆွဲပြီး အခန်းကျယ်ကြီးတစ်ခန်းထဲ​​ရောက်တဲ့အထိ ငြိမ်ငြိမ်​လေးလိုက်လိုက်ရသည်။

"ဒီမှာ ​စောင့်​နော်။ အန်တီ အသီးပို့ခိုင်းလိုက်မယ်"

"ရပါတယ် အန်တီ။ ကျွန်​တော်တို့ ခဏပဲ"

"အန်တီကမရပါဘူး။ သားက ခုမှ အိမ်လိုက်လည်တာကို"
ပြောပြီး တံခါး​ပါပိတ်​ပေးသွား၏။ အခန်းက ဘတ်ဟျွန်းအခန်း ၄လ​လောက်​တောင်ရှိလိမ့်မည်။ နှစ်​ယောက်အိပ်​​​မွေ့ရာက အခန်းရဲ့အလယ်တည့်တည့်မှာဖြစ်သည်။ မှန်တစ်ခြမ်းအလှဆင်ထားသည့်ဘက်မှာ​တော့ စာကြည့်စားပွဲ၊ သူ့​ရှေ့မှာက ဆိုဖာဆက်တီ​တွေ။ မှန်အမှုန်နဲ့ကာထားတဲ့တစ်ဖက်ခြမ်းမှာ​တော့ အဝတ်လဲခန်းဖြစ်ပုံရသည်။

ဘတ်ဟျွန်း လိုက်လံလှည့်ပတ်ကြည့်ရင်း ​ခြေလှမ်း​တွေက စာကြည့်စားပွဲဆီ​ရောက်သည်။ သူများ ကိုယ်​ရေးကိုယ်တာကို စပ်စုသလို ဖြစ်သွားနိုင်လား မသိ​ပေမယ့် ရှင်းလင်း​နေတဲ့အခန်းထဲမှာ ကြည့်စရာကလည်း ဒါပင်။

အနက်​ရောင်​စွေး​နေတဲ့စားပွဲ​ပေါ်မှာ စာအုပ်​တွေ၊ လက်​​တော့ပ်နဲ့ ဓါတ်ပုံ​​ထောက်​လေး​တွေကအများကြီး။ ဓါတ်ပုံထဲမှာ ​ကောင်​လေးနှစ်ျ​ယောက်။ တစ်​ယောက်က တစ်​ယောက်ကိုချီပိုးထားလျက် နှစ်​ယောက်လုံးပြုံး​နေကြ၏။ ဘတ်ဟျွန်း မမှတ်မိတဲ့အတိတ်​ပေမယ့် ဓါတ်ပုံ​ရောင်မှိန်မှိန်ထဲက ပြုံးရယ်​နေတဲ့ ​က​လေးနှစ်​ယောက်​ကြောင့် ကိုယ်တိုင်လည်းပြုံးမိ၏။ ရှိ​နေကြတဲ့ ဓါတ်ပုံအ​တော်များများက ​ကောင်​လေးနှစ်​ယောက်ပုံ​တွေချည်းပဲဖြစ်ကာ စားပွဲ​ပေါ်တင်ထားတဲ့ဖုန်းစရင်မ်လင်းလာခြင်းနဲ့အတူ ဘတ်ဟျွန်းကို မင်သက်သွား​စေ​သော wallpaper.

Date with Unknown but HeWhere stories live. Discover now